Monday, May 21, 2018
အမှာစာ
သမိုင်းဟူသည်၊ လူမှုအဆောက်အအုံမှ လူသားတို့၏ အခြေအနေ အဝဝကို နောင်လာတို့အဘို့ မှတ်တမ်းတင်ထားခဲ့ခြင်း တစ်မျိုးဖြစ်ပေ၏။
၎-ကျမ်းစာအုပ်များ
သို့ မူမှန် မူကောင်းဖြစ်အောင် သန့်စင်စေပြီး
အောက်ဘော်ပြပါစာအုပ်စာတမ်းများဖြင့် တိုက် တည်းပြတ်၍ ပုံနှိပ်လုပ်ဆောင်အပ်သည် ဖြစ်ပါကြောင်း
၁။ ရာဇဝင်ကျော် (ရှင်သီလဝံသ)
၂။ ဇာတာတော်ပုံရာဇဝင်၊
၃။ ဦးကုလား-ရာဇဝင်ကြီး (ပထမ)
၎။ ၎င်း (ဒုတိယ)
၅။ ၎င်း (တတိယ)
Friday, May 18, 2018
၃ - စာမူများ
သို့ တာဝန်ပေး လွှဲအပ်ချက်အရ-
အောက်ပါပေ စာမူ ၆ စောင်၊ လက်ရေးစာမူ စောင်၊ ပုံနှိပ်စာမူ-၂ စောင်တို့ဖြင့်
တိုက်ဆိုင် တည်းပြတ် အထပ်ထပ်သုတ်သင် ကောင်းစွာ ပြင်ဆင်၍ မူမှန် မူကောင်းမူသန့်ဖြစ်အောင်
ပြုပြင်ရပါသည်။
Thursday, May 17, 2018
၂- ဆွေးနွေးခြင်း
ထိုသို့ရှိနေစဉ်အတွင်း
၁၃၂၃ (၁၉၆၁) ခုနှစ်တွင်တောင်တွင်းကြီးသို့ ရောက်ရှိခဲ့ရာမှ တောင်တွင်းကြီးမြို့ အမျိုးသား
ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ဝင်လူကြီးများနှင့် တွေ့ဆုံညှိနှိုင်း တိုင်ပင် ဆွေးနွေးပြောဆိုကြစဉ်
“တောင်တွင်းကြီးသမိုင်း” အကြောင်းနှင့်
ပတ်သက်၍ စကားရောက်ရှိရာတွင်-
ရှေးကရိုက်နှိပ်သော စာအုပ်များ
“တောင်တွင်းကြီး သမိုင်း”
ဟူသော အမည်ဖြင့်စာအုပ် တစ်အုပ်ကို၊
စစ်ကြိုခေတ်၊ သက္ကရာဇ် ၁၂၈၉(၁၉၂၇) ခုနှစ်က၊ မန္တလေးမြို့ (ပညာသိပ္ပံ) ပိဋကတ်တိုက်မှ
ရိုက်နှိပ်သည်ကို တွေ့မြင်ဘတ်ရှုရဘူး၏။ ၎င်းစာအုပ်မှာ ရွိုင် ၈- ချိုးဆိုက် စာမျက်နှာ
၁၀၀ ကျော်ခန့်မျှ ရှိ၍ တောင်တွင်းကြီးမြို့၊ရတနာဗိမာန် တောရဆရာတော်ဘုရားကြီး၏
သဒ္ဓိဝိဟာရတပည့်ဖြစ်တော်မူသော ဆရာတော်ဦးဉာဏရေးသည့် သမိုင်းဖြစ်ကြောင်းသိရှိရလေသည်။
Subscribe to:
Posts (Atom)