Pages

Subscribe:

Search This Blog

Thursday, May 17, 2018

၂- ဆွေးနွေးခြင်း




     ထိုသို့ရှိနေစဉ်အတွင်း ၁၃၂၃ (၁၉၆၁) ခုနှစ်တွင်တောင်တွင်းကြီးသို့ ရောက်ရှိခဲ့ရာမှ တောင်တွင်းကြီးမြို့ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ဝင်လူကြီးများနှင့် တွေ့ဆုံညှိနှိုင်း တိုင်ပင် ဆွေးနွေးပြောဆိုကြစဉ် “တောင်တွင်းကြီးသမိုင်း” အကြောင်းနှင့် ပတ်သက်၍ စကားရောက်ရှိရာတွင်-

               တောင်တွင်းသမိုင်းကို ရေမြေရပ်ခြား ရပ်တပါးမှ မှတ်သားရန်ကို မဆိုထားဘိလင့်၊ တောင်တွင်းကြီးမြို့သူ မြို့သားများပင်လျှင် နေရာ တကျ ကျနု ပိုင်ပိုင် မသိနိုင်ကြပါ၊ ထင်ယောင်ယိုးမှား၊ ဝိုးတဝါးဖြင့်သာ ရှိကြရသဖြင့် ယခုကဲ့သို့သောပြည်ထောင်စုခေတ်တွင် မြန်မာ့ယဉ်ကျေးမှုအတွက် ခေတ်မီအောင် ဖော်ထုတ်ရမည် ဖြစ်ကြောင်း။
              ၎င်းပြင် တ၀ မြန်မာအစ တကောင်းကဟု ပြောပ ထင်ရှား စကားစဉ် ထားလျက်၊ ပုဂံ,မြင်စိုင်း၊စစ်ကိုင်း,ပင်းယ၊ အင်းဝ,ဟံသာဝတီ၊ ဓညဝတီ, တောင်ငူ၊ ပြု, သရေခေတ္တရာစသည်တို့ကို မြန်မာ့သမိုင်းတွင်အထင်အရှား ဘော်ပြပါရှိထားပါလျက် တောင်တွင်းကြီးနှင့် ဟန်လင်းကြီး စသော အလွန်ရှေးကျလှသည့် ပျူမြို့ ပြုံးနိုင်ငံ၊ ပြူလူမျိုးများတို့ အကြောင်း ကိုမူကား တကဏ္ဍခြားလျက် ခြွင်းချန်ထားခဲ့သည်များကိုလည်းဘော်ထုတ် ပြသရန် လိုအပ်လှသည့်အတိုင်း

              “တောင်တွင်းကြီးသမိုင်း” စာစောင်ကို ပုံနှိပ်ဖြန့်ချိ ထုတ်ဝေ၍ တောင်တွင်းကြီးမြို့ကို ရုပ်လုံးဖော်နိုင်ရန်ကြံစည်ရည်သန်ထားခဲ့ကြောင်း။ထိုသို့၊ထုတ်ဖော်နိုင်မှသာလျှင်“တောင်တွင်းကြီးမြို့အမျိုးသား ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့” ဟူသော အမည်နှင့်လိုက်လျောညီစွာ အဓိပ္ပါယ်ပါပါဖြင့် အမျိုးသားစာပေယဉ်ကျေးမှုလောကကိုတစ်မျိုးတစ်ဖုံအားဖြင့်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း
ယုံကြည်ကြသည် အလျောက်တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ခြင်း မပြုရဘူးသေးသော “နေမျိုးမင်းလှ သီရိသင်္ခယာ” ဘွဲ့ခံ၊ မြေလတ် စစ်ကဲ တော်မင်း ရေးသားအပ်သော “တောင်တွင်းကြီးသမိုင်း”
ဟောင်းကို ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ကြပြီးသော်ရန်ကုန်မြို့ ရွှေမြို့တော်စာပုံနှိပ်တိုက်ရှင် ဆရာကြီး
ဦးစိုးလှိုင်အား ရိုက်နှိပ်ထုတ်ဝေပေးရန် တောင်းပန်၍တာဝန်ပေး လွှဲအပ်ကြလေသည်။

0 comments:

Post a Comment