“တောင်တွင်းကြီး သမိုင်း”
ဟူသော အမည်ဖြင့်စာအုပ် တစ်အုပ်ကို၊
စစ်ကြိုခေတ်၊ သက္ကရာဇ် ၁၂၈၉(၁၉၂၇) ခုနှစ်က၊ မန္တလေးမြို့ (ပညာသိပ္ပံ) ပိဋကတ်တိုက်မှ
ရိုက်နှိပ်သည်ကို တွေ့မြင်ဘတ်ရှုရဘူး၏။ ၎င်းစာအုပ်မှာ ရွိုင် ၈- ချိုးဆိုက် စာမျက်နှာ
၁၀၀ ကျော်ခန့်မျှ ရှိ၍ တောင်တွင်းကြီးမြို့၊ရတနာဗိမာန် တောရဆရာတော်ဘုရားကြီး၏
သဒ္ဓိဝိဟာရတပည့်ဖြစ်တော်မူသော ဆရာတော်ဦးဉာဏရေးသည့် သမိုင်းဖြစ်ကြောင်းသိရှိရလေသည်။
၎င်းသမိုင်းကို ယခုပြန်လည်လေ့လာသုံးသပ်ကြည့်ရှုမိသောအခါ၌ မင်းလှသင်္ခယာ၏
တောင်တွင်းကြီးသမိုင်းကိုအနည်းငယ် ပြင်ဆင်ဖြည့်စွက်၍ ရိုက်နှိပ်ထားကြောင်းဖြင့်သိရှိရလေသည်။
၎င်းစာအုပ်မှာ
မူလရိုက်နှိပ်စဉ်ကပင်လျှင် စာအုပ်၅၀၀ မျှသာ ရိုက်နှိပ်ခဲ့သည်ဖြစ်ရာ ၁၂၉၂ (၁၉၃၀)ခုနှစ်လောက်
ကပင်လျှင် ရှာဖွေ၍ မရ ဖြစ်ခဲ့လေပြီ။
ထို့နောက်
ထိုဆရာတော်ပင်လျှင် အဆိုပါသမိုင်းကို ထပ်မံချဲ့ထွင် ပြင်ဆင် ဖြည့်စွက်လျက် “တောင်တွင်းကြီးရာဇဝင်သစ်” ဟူသော
အမည်ဖြင့် ၁၂၉၈ (၁၉၃၆)ခုနှစ်တွင် ရန်ကုန်မြို့၊ ၃၇-လမ်း၊ အမှတ် ၁၅၈/၁၆၂ မြန်မာ့ယူနီယံ
စာပုံနှိပ်တိုက်မှ ဒီမိုင်း ၈၁၂၇၄-ရှိ စာအုပ်ရေ ၁၀၀၀- ကို ဒုတိယထပ်မံပုံနှိပ်လုပ်ဆောင် ထုတ်ဝေခဲ့သည်ကိုတွေ့ရှိလှစွာရိုက်နှိပ်ထုတ်ဝေခဲ့သည့်ပြင်
နှစ်လရှည်ကြာသဖြင့်သည်။
၎င်းစာအုပ်များမှာ မူလကပင် စာအုပ်ရေနည်းပါတကြောင်း၊ စစ်ဘေးစစ်ဒဏ်ကြောင့်
တကြောင်း၊ပျောက်ပျက်၍ သွားကြလေသဖြင့် ယခုအခါ ရှာဖွေဘတ်ရှုနိုင်ခွင့်
မရနိုင်တော့ပြီ။
0 comments:
Post a Comment