သို့ တာဝန်ပေး လွှဲအပ်ချက်အရ-
အောက်ပါပေ စာမူ ၆ စောင်၊ လက်ရေးစာမူ စောင်၊ ပုံနှိပ်စာမူ-၂ စောင်တို့ဖြင့်
တိုက်ဆိုင် တည်းပြတ် အထပ်ထပ်သုတ်သင် ကောင်းစွာ ပြင်ဆင်၍ မူမှန် မူကောင်းမူသန့်ဖြစ်အောင်
ပြုပြင်ရပါသည်။
(၁) ဦးလွင်မူ........ ပြတိုက်
နာယကကြီး အထက်တန်းရှေ့နေ
ဦးလွင်၏ စာမူ၊ ၁၂ ကြောင်းရေးပေမူ က အစ-c- အဆုံး၎-အင်္ဂါ တစ်ချပ် ရှိသည်၊
လက်ရေး လက်သား သတ်ပုံသတ်ညွှန်း
အလွန်ကောင်းသော မူမှန် မူသန့် မူကောင်း ဖြစ်သည်။ (သို့ရာတွင် စာမူမစုံ၊
စာ-အကျ အပေါက် အနည်းငယ်ရှိသည်။ ကေ- ဂေ-ဂဲ-၃ချပ်မပါမရှိ၊ ဃား -ချပ်မှာလည်းအလည်တစ်ခြမ်း
ကျိုးနေသည်။)
၁၂၆၀- ပြည့်၊ ပြာသိုလဆန်း ၃-ရက် အင်္ဂါနေ့ ညနေ ၃ချက်တီးအချိန် ရေးကူးပြီးသော
သမိုင်းတစ်စောင်မှ ထပ်မံရေးကူးသည်ဟု ပါရှိသည်။
(၂) မင်းကျောင်းမူ.…………. မင်းကျောင်း
ရဟန်းတော် ဦးတေဇော
ဟု ရေးထိုးထားသည်။ ဦးလွင်က
ပြတိုက်သို့ လှူထားသောစာဖြစ်၍ (နံပါတ် ၁၁ဝ) ထိုးမှတ်ထားသည်။ ၉-ကြောင်းပေမူ၊ က-အစ-စာ
ထိ ၅-အင်္ဂါ ၂-ချပ်သာပါသည်။ အဆုံးစိ-ချပ်မပါ၊ ခ-ချပ်ကျိုးနေ၍ တစ်ပိုင်းသာ ပါသည်။
လက်ရေးသန့်သည်။ မူကောင်းသည်။
(၃) သဲကျွန်းကျောင်းစာမူ……………. ၉
ကြောင်းရေးပေ၊ က-အစ
-ငံအဆုံး၊ ၄-အင်္ဂါ ၁၁ ချပ်ရှိသည်။
လက်ရေး လက်သားကောင်းသည်၊ ပေမူသန့်သည်၊ အပျက်အစီးမရှိ၊ စုံလင်သည်။သဲကျွန်းကျောင်းမှ
ရသော စာမူဖြစ်၍ ပြတိုက်တွင် ၁ဝဝ၆နံပါတ် မှတ်သားထားသည်။
(၄)ရွှေရောင်လျှံစာမူ...
၁၀-ကြောင်းရေးပေမူ၊ က-အစ
ဃံ အထိသာရှိ၍ အဆုံးမရှိ၊
ဃာ-ချပ်မရှိ၊ဃံ- ချပ်ပေါက်ပျက်နေသည် ဘတ်၍မရ၊ ပေ အလွန်ဟောင်း၍ အလွန်ပျက်စီးနေသဖြင့်
အနိုင်နိုင် ကြိုးစားဘတ်ယူရသည်။
(၅)ရွှေအင်တုံမှု... ဒန့်ဒလွန်ပင်
ရွှေအင်တုံ - ဦးဝိလာသ
စာမူဖြစ်၍ သက္ကရာဇ် ၉၆၄ ခု၊
ရမည်းသင်းဝန် နေမျိုးနော်ရထာနှင့် တောင်ကြီးတွင်းကြီးမြို့ဝန် - ဒေဝနော်ရထာတို့လျှောက်ထားချက်အရ
ဓူပါရုံဆရာတော် မိန့်တော်မူချက်တောင်တွင်းသမိုင်းအကျဉ်း ဖြစ်သည်။ ၉-ကြောင်းရေး
ပေမူက-အစ-ခေ ဆုံး ၁အင်္ဂါ တစ်ချပ် ရှိသည်။ ပြတိုက်စာအမှတ် (၄-က) ဖြစ်သည်။
(၆) တောင်တွင်းပြတိုက်မူ...
၉-ကြောင်းရေးပေ၊ ကာ-မှ-
ခုထိ ၁-အင်္ဂါ ၃-ချပ်ရှိသည်။
က-ကာ-၂-ချပ် မပါမရှိ၊ကူ-ချပ် ပျက်စီးနေသည်၊ ၁၂၂၉-ခုနှစ် ရေးကူးပြီးသည်၊တောင်တွင်းကြီးမြို့
အတ္ထုပ္ပတ္တိစာတမ်း ဖြစ်သည်။
(၇) ဦးလှဖေမူ... မြို့ဦးကျောင်း
ဦးအာစိဏ္ဏပေမူမှ တောင်တွင်း
လှဖေက တဆင့်ရေးကူးထားသော လက်ရေးစာ -
စက္ကူမူဖြစ်သည်။
၁၂၉၈-ခု၊ တံခူးလဆန်း ၉-ရက်နေ့ ညနေ
၎-နာရီခွဲအချိန်ရေးကူးပြီးသည်ဟု ပါရှိသည်။
(၈)တောင်တွင်းကြီးသမိုင်း…………. ၁၂၈၉
(၁၉၂၇) ခုနှစ် မန္တလေးမြို့ (ပညာသိပ္ပံ) ပိဋကစာပုံနှိပ်တိုက်မှ ဆရာတော် ဦးဉာဏပဌမအကြိမ်
ရိုက်နှိပ်သော စာအုပ်ဖြစ်သည်။
ရွိုင် ၈ ချိုး၊ စာမျက်နှာ ၁၁၉ ရှိ၍
အဘိုး .ိ၂-ဟုပါသည်။
(၉)တောင်တွင်းကြီးရာဇဝင်သစ်…………….
၁၂၉၈(၁၉၃၆) ခုနှစ်၊
ရန်ကုန်မြို့၊ မြန်မာ့ယူနီယန်
စာပုံနှိပ်တိုက်မှ ဆရာတော်ဦးဉာဏ ဒုတိယအကြိမ် ထပ်မံပြင်ဆင် ဖြည့်စွက် ရိုက်နှိပ်သောစာအုပ်မှုဖြစ်သည်။
ဒီမိုင်း ၈-ချိုး စာမျက်နှာ ၂၇၄-ရှိသည်။
0 comments:
Post a Comment