Pages

Subscribe:

Search This Blog

Tuesday, November 20, 2018

မြို့တော်ပန္နက် တည်လုပ်ခြင်း

           မြို့တော် ပန္နက် တည်လုပ်ရာသော အခမ်းအနား၊
ဒေသရပ်ကွက်များကို စီမံခင်းကျင်းရမည်၊ အမိန့်တော်ရှိ၍ အမတ်ကြီး ပဏ္ဍိစ္စ စီမံခင်းကျင်းသည်ကား -

           ရှေးရှေးသောမင်းတို့ တည်ထားရင်း နိမိတ်၊အတိတ် ထင်မြင်အောင်၊ စီရင် ဆောင်ရွက်တော်မူကြသော ပဝေဏီ၊ ထုံးညီစံကျအတိုင်း၊ ကျွဲ နွား ဆိတ်ဝက်တို့ကို အဓိဋ္ဌာန် ရည်ပြီးလျှင် အသီးအသီး ဘေးမဲ့လွှတ်ရာ စေတီတော်မြတ်ကို သုံးပတ်၊ လက်ျာရစ်လှည့်ပြီးလျှင် စေတီတော် မနီးမဝေး လွန်းသော အရပ်၌ တညီတညွတ်၊ တောင်သို့ တူရူ မျက်နှာမူလျက်၊ ဝပ်နေ ကြကုန်သည်ကို မြင်လျှင်...


            စေတီတော်အရပ်တွင် နန်းမြို့တည်ရာ မင်္ဂလာ
အောင်ချက်၊ နက်သန်ဘူမိ၊ သီရိသေဋ္ဌ၊ ဘူမဂ္ဂဖြစ်သည်။
ထိုသို့ ဖြစ်သောကြောင့် အမတ်ကြီး ပဏ္ဍိစ္စ လျှောက်
ထားသည်ကား

         သုဝဏ္ဏသာမဇာတ်၌ မိဂသမ္မတာ မြစ်ဆိပ်တွင်
သုဝဏ္ဏသျှံမင်းအား ပီဠိယက္ခမင်း ပစ်ခွင်းသောမြားဒဏ်ရာဖြင့် သည်းထန်စွာ ပင်ပန်းခြင်းရှိသော အခါ အမှတ်မဲ့ လည်းတော် မမူမီ၊ မယ်တော် ခမည်းတော်တို့ ရှိရာအရပ်ကို စဉ်းစား ဆင်ခြင်တော်မူပြီးမှ၊ ဥသျှောင်း လည်းလျောင်းတော်မူပါသည်။

            တကြောင်းလည်း မြတ်စွာဘုရားတို့၏သဏ္ဌာန်တော် ရွှေ-ငွေ-မြေ-အုဋ်-ကျောက် သစ်သား အစရှိသည်တို့ဖြင့် ထုလုပ် ကိုးကွယ်ကြသည်မှာ..
၁။ အရှေ့သို့ ဥက္ခေါင်းတော်မူလျှင်- ရှင်ပင်သာလျောင်း။
၂။ အနောက်သို့ မူလျှင်- ရှင်ပင်ပေါင်းလဲ။
၃။ တောင်သို့ မူလျှင်- နေရဗန်၊
၎။ မြောက်သို့မူလျှင်- ပရိနိဗ္ဗာန်၊ ဟူ၍ လေးမျက်နှာလုံးပင် မင်္ဂလာ ဥက္ခောင်းမူသင့်ကြောင်း စာဟောင်းစာတမ်း ရှိပါသည်။

           ယင်းသို့ဖြစ်သောကြောင့်-အသျှင်သခင်များ သည်လည်း၊ ဇာတိတော် ချက်ကြွေ၊ အောင်မြေပလ္လင်၊ ဗောဓိပင်ရောက်ရာ၊ အပ္ပရာဇိတ၊ ဝဇီရာသန၊ မဟာမဇ္ဈိမ၊ ဌာနအရင်း ဖြစ်ပါသည် တကြောင်း။

          ခမည်းတော်စစ်၊ မယ်တော်ချစ်တို့သည်လည်း
အနောက်အရပ်၊ တိုင်းပြည် ထီးနန်း၊ စံမြန်း စိုးမိုးတော်မူလျက် ဖြစ်ပါသည်။

             မိခင် ဘခင်တို့အား ရိုသေလေးမြတ်၊ လောက
နတ်တစ်ဆူ၊ ပြုသောသူတို့သည်၊ မီးမှာ ပစ်လည်း မခြစ်ပါ၊ ရေမှာ ပစ်လည်း မနစ်ပါ။ ပညာရှိ သူတော်ကောင်းတို့ မိန့်ဆိုဟောင်းစကား၊ ထင်ရှားဖြစ်သည်နှင့်အညီ၊ ခမည်းတော်မြတ်၊ မယ်တော်နတ်တို့ ရှိရာ မဇ္ဈိမဒေသ၊ ပစ္ဆိမာအရပ်သို့ လျောက်ပတ်သော အထူး၊ မြို့ဦးသမုတ်၍၊ ပြုလုပ် တည်ထောင်ရလျှင်၊ နောင်အခွန့်တည်၊ ဘုန်းတော် စည်၍၊ သက်ရှည်ရာကျော်၊ ရှိတော်မူမည် အကြောင်း၊ သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့်၊ အဓွန့်
ရှည်စွာ၊ သာသနာတော် ဖြန့်မိုး၍၊ သူခိုးဒါးပြ။ တန္တ မုဒိမ်း၊ စစ်မက် ငြိမ်းလျက်၊ ခပ်သိမ်းပြည်သူ၊ ကြည်ဖြူချမ်းမြေ့ ရှိကြမည် အကြောင်းများနှင့် တင်လျှောက်လျှင်...

0 comments:

Post a Comment