Pages

Subscribe:

Search This Blog

Tuesday, November 20, 2018

စတုမဟာရာဇ် နတ်မင်းကြီးလေးပါး

           ထိုသို့ ကူညီ၍ လေးကျွန်းမြေကို သည်ယူ ပို့ရောက်
သော နတ်တို့သည် အခြားသူ လူစင်စစ်မဟုတ်၊ ကဿပ မြတ်စွာဘုရား၏ သင်္ကျစ်တော်ဓာတ်၊ ဂေါတမမြတ်စွာ
ဘုရား၏ သရီရဓာတ်တော်များကို ဌပနာ၍ တည်ထား
ပြုလုပ်သော စေတီထူး စေတီမြတ်ဖြစ်သောကြောင့်
စတုမဟာရာဇ် နတ်မင်းကြီးလေးပါး အမှန်ဖြစ်သတည်းဟု
ရွှေနှလုံးတော်မြတ် ရည်ရွယ်တော်မူပြီးလျှင် ကပ်ကမ္ဘာမြင့်ရှည် တည်စေခြင်းငှာ သပိတ်မှောက် အထက်၊
စေတီတော်လေးမျက်နှာတွင်
၁။ အရှေ့မျက်နှာ- ဓတရဋ္ဌ နတ်မင်းသဏ္ဌာန်၊
၂။ တောင်မျက်နှာ၌- ဝိရူဠက နတ်မင်းသဏ္ဌာန်၊
၃။ အနောက်မျက်နှာ၌- ဝိရူပက္ခ နတ်မင်းသဏ္ဌာန်၊
၎။ မြောက်မျက်နှာ၌- ကုဝေရ နတ်မင်းသဏ္ဌာန်

             ဤနတ်မင်းကြီး လေးပါးတို့သည် မြေမှ ယူဇနာ
(၄၂၀၀၀) လေးသောင်းနှစ်ထောင်မြင့်သော စတုမဟာရာဇ်
နတ်တိုင်း၌ အသီးအသီး စောင့်ရှောက်နေထိုင်ဘိသကဲ့သို့ ပုံသဏ္ဌာန်မခြား၊ စေတီတော်မြတ်၏ အမြင့်ထက်ဝက်နှင့် ညီမျှသော အရပ်တွင် ထုလုပ်တည်ထားသည်။

0 comments:

Post a Comment