ထိုအခါ ကဒူးလူမျိုးတစ်ယောက်သည် တင်းတိပ်ကို ခေါင်းမြီးခြုံပြီးလျှင် သေရည်ဗူးကို လွယ်လျက်၊ နွားနက် တစ်ခုကို စီး၍ နန်းတော်ရာ ရွှေပန္နက်အနီးသို့ ရောက်လာေ သာကြောင့်၊ တြင်းသံ နဝင်းသံ စောင့်သူတို့က ဘမ်းဆီးရာ ထိုယောက်ျားသည် ကြောက်လန့်တကြား ဖြစ်သဖြင့် သေရည်ဗူးကို ပစ်ချလိုက်သည်ကာလ၊ ရွှေပန္နက်ပေါ်သို့ ကျသဖြင့် နန်းတော်ရာမြေကို အရက်ရည် ဖြန်းဘိသကဲ့သို့ သေရည်ဗူးကွဲလေ၏။
Featured Posts
Tuesday, November 20, 2018
ပြင်-မြို့တော်
ပြင်မြို့မှာ- အရှေ့မျက်နှာ တာ ၂၅၀၊
တောင်မျက်နှာ တာ ၃၅ဝ။
အနောက်မျက်နှာ တာ ၂၅၀၊
မြောက်မျက်နှာ တာ ၃၅ဝ၊
အနောက်မျက်နှာအရပ်ကို မြို့ဦးသမုတ်၍ အတွင်းမြို့၊ အပြင်မြို့၊ ကျုံး၊ ကန်များကို တစ်နေ့ခြင်းပြီးအောင် တည်တော် မူသည်။

အတွင်း-နန်းမြို့တော်
အားရ နှစ်သက်တော်မူသည်ဖြစ်၍ ပုပ္ပါး စောရဟန်း ဖြိုးပြီးနောက် သက္ကရာဇ် ၁၉၂-ခု၊ ကဆန်လဆန်း ၇ ရက်၊ စနေနေ့၊ နေတစ်ချက်တီးအချိန်၊ ပြိဿလဂ်၊ ကြဋ်စန်းနှင့် ယှဉ်လျက်၊ နက္ခတ် ခုနစ်လုံး တစ်ပါဒ် သုံးဗီဇနာအချိန်တွင်
တောင်မြောက် အချင်းတာ ၃ဝ၊ အရှေ့ အနောက် တာ ၅ဝ၊ အတွင်းမြို့တော် သမုတ်သည်။

မြို့တော်ပန္နက် တည်လုပ်ခြင်း
မြို့တော် ပန္နက် တည်လုပ်ရာသော အခမ်းအနား၊
ဒေသရပ်ကွက်များကို စီမံခင်းကျင်းရမည်၊ အမိန့်တော်ရှိ၍ အမတ်ကြီး ပဏ္ဍိစ္စ စီမံခင်းကျင်းသည်ကား -
ရှေးရှေးသောမင်းတို့ တည်ထားရင်း နိမိတ်၊အတိတ် ထင်မြင်အောင်၊ စီရင် ဆောင်ရွက်တော်မူကြသော ပဝေဏီ၊ ထုံးညီစံကျအတိုင်း၊ ကျွဲ နွား ဆိတ်ဝက်တို့ကို အဓိဋ္ဌာန် ရည်ပြီးလျှင် အသီးအသီး ဘေးမဲ့လွှတ်ရာ စေတီတော်မြတ်ကို သုံးပတ်၊ လက်ျာရစ်လှည့်ပြီးလျှင် စေတီတော် မနီးမဝေး လွန်းသော အရပ်၌ တညီတညွတ်၊ တောင်သို့ တူရူ မျက်နှာမူလျက်၊ ဝပ်နေ ကြကုန်သည်ကို မြင်လျှင်...

စတုမဟာရာဇ် နတ်မင်းကြီးလေးပါး
ထိုသို့ ကူညီ၍ လေးကျွန်းမြေကို သည်ယူ ပို့ရောက်
သော နတ်တို့သည် အခြားသူ လူစင်စစ်မဟုတ်၊ ကဿပ မြတ်စွာဘုရား၏ သင်္ကျစ်တော်ဓာတ်၊ ဂေါတမမြတ်စွာ
ဘုရား၏ သရီရဓာတ်တော်များကို ဌပနာ၍ တည်ထား
ပြုလုပ်သော စေတီထူး စေတီမြတ်ဖြစ်သောကြောင့်
စတုမဟာရာဇ် နတ်မင်းကြီးလေးပါး အမှန်ဖြစ်သတည်းဟု

Monday, July 30, 2018
သျှင်ဥက္ကဌ (တောင်တွင်းကြီးဆရာတော်)
တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းမှ ဆရာတော်ကြီး သျှင်ဥက္ကဌ ၏ ထေရုပ္ပတ္ထိအား လေ့လာလိုသူ မိတ်ဆွေများရဲ့တောင်းဆိုချက်အရ ဖော်ပြပေးလိုက်ပါတယ်။
သျှင်ဥက္ကဌ (တောင်တွင်းကြီးဆရာတော်)
ဆရာတော် သျှင်ဥက္ကဌ၏ မိဘမျိုးရိုးဇာတိမှာ မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့ မြောက်ဘက် (၁၆)မိုင်အကွာရှိ မြို့သစ်မြို့မှ ဖြစ်သည်။ အင်္ဂလိပ်မြန်မာ နောက်ဆုံးစစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်ဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရစဉ် တောင်တွင်းကြီးမြို့၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ဆီမီးထွန်းရွာငယ်တွင် ၁၂၅၉ ခုနှစ်တော်သလင်းလဆုတ် (၉)ရက် (၁၈၉၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်) တနင်္ဂနွေနေ့နံနက် (၄)နာရီအချိန်တွင် ဖွားမြင်သည်။ အဖ မွန်းရွှေထပ် ၊ အမိ မယ်လှဝါ တို့၏ သားသမီးငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။ မွေးချင်းပေါက်ဖော်တို့မှာ ကိုပေါ၊ ကိုမင်းဟန်၊ ကိုဂေါ်ရာ၊ မဖွားမုန်း နှင့် ဆရာတော်လောင်းလျာ ကိုအောင်ဇံထွန်း တို့ဖြစ်ကြသည်။

Tuesday, July 17, 2018
ရွှေပြည့်စင်ကုန်း
မြေသည်လည်း ဘောဂဝတီပြည်၌ ရှိသော အရုဏဝတီမြေနှင့် အလားတူ၏။ အရုဏ၀တီမြေ ဟူတုံသည်လည်း ရွှေအဆင်းနှင့် တူသလျှင်ကတည်း။
ထိုသူလေးဦးတို့ စေတီတော်အနီးအပါး သည်ယူပုံထားသော မြေကို လေးကျွန်းမြေဟု ခေါ်ဝေါ်သမုတ်သည်။ အလိုတော်အတိုင်း ပြည့်စုံအောင် နတ်တို့ ကူညီမစသောကြောင့် ထိုမြေပုံထားသော ကုန်းကို ရွှေပြည့်စုံကုန်းဟူ၍ ခေါ်သည်။ ယခု စကားရွေ့လျော၍ ရွှေပြည့်စင်ကုန်းဟု တွင်သည်။
---------
အရုဏဝတီမြေ - နီသောအဆင်းရှိသောမြေ (မြေနီ)

Subscribe to:
Posts (Atom)