Pages

Subscribe:

Search This Blog

Thursday, June 28, 2018

ပုဏ္ဏဝတီ-တောင်တွင်းကြီး

         တိုင်းတော် ပြည်တော်ကိုလည်း ပုဏ္ဏဝတီပြည်။ ဇေယျာဝဍ္ဎဏတိုင်း သမုတ်တော်မူပြီးလျှင်၊ မဟာသက္ကရာဇ် *၈၄၀၈ ခု၊ တပေါင်းလဆန်း ၇-ရက်၊ စနေနေ့၊ရွှေပန္နက်၊ ငွေပန္နက် ချမှတ်၍ မြို့တော်၊ ထီး နန်းများကို တည်ထား ပြုစုတော်မူသည်။


         ထိုသာဂရမင်းကြီးသည် မင်းကျင့်တရား ၁၀-ပါး၊အပရိဟာနိယတရား ၇-ပါး၊ နာယကဂုဏ် ၆-ပါးများ နှင့်အညီ၊ ပြည်သူဆင်းရဲသားတို့အား ရေချမ်းအိုးကို ပိုက်ရဘိသကဲ့သို့ ဧးမြချမ်းသာအောင် ဆုံးမသြဝါဒပေး၍ မင်းလုပ်တော်မူသည်။

         ထိုအခါ ဧရာဝတီမြစ် အရှေ့ဘက်တလျှောက်တွင် ဤကဲ့သို့ မြို့ ရွာ ထီးနန်း မရှိကြသေး၊ ကမ်းယံ၊ ကချင်၊ ကရင်၊ ပြု၊ ဓနု၊ ရှမ်း၊ ကဒူး၊ သက် လူမျိုးတို့သာဘာသာဓလေ့၊ ကိုယ့်ရွာ ကိုယ်မင်း ဆိုသကဲ့သို့၊ အသီးအသီး အုပ်ချုပ် နေထိုင်ကြသတည်း။

        ထိုသာဂရမင်း၏ အဆက်အနွယ်တော်ကား
၁- သာဂရမင်း။
၂- ၎င်းသားတော်-သောရနုမင်း။**
၃- ၎င်းသားတော်-သာရထွဋ်မင်း။
၎- ၎င်းသားတော်-ပိတ်ပြောင်မင်း။
၅- ၎င်းညီတော်-ပိတ်ရောင်မင်း။
(ကြာသပတေးသား လျှင် တည်း)။

* ၈၄၀၈ ကို ဦးဥာဏမူ၌ ၈၄၁၃
** သာရနုမင်း ကို ဦးဥာဏမူ၌ သာနရမင်း

0 comments:

Post a Comment