တရံရောအခါ သာသနာတော် တစ်ရာ့တစ် ၁၀၁ ခုတွင် မင်းအဖြစ်သို့ ရောက်၍ မြို့ကျုံးထီးနန်းများကို တပြိုင်နက် တည်ထောင်တော်မူသော သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည် ပဉ္စင်းဖြူ၊ ပဉ္စင်းညို.ဟူသော အမတ် (၂) ယောက်ကို အကြီးအမှူးထားလျက် အရပ်ရပ်သော မြို့ကျေးရွာများမှာ ဒသဘာဂဖြစ်သော
ဆယ်ဘို့တစ်ဘို့ အခွန်တော်များကို အတောင်းအခံ စေလွှတ်မြဲဖြစ်၍ ထိုအမတ်နှစ်ဦးတို့ ပန်ထွာပြည်သို့ သွားရောက်တောင်းဆိုလျှင်...ပန်ထွာပြည် မှူးမတ်တို့လည်း နိုင်ငံခြားနား၊ ကွဲပြားကိုယ်ရှိလေပြီးသည် အမှုကို၊ အစု အခွံ၊ ဗုဇွန်တစ်လက်မမျှ၊ တို့က ပေးခွင့်၊ မသင့်မလျော်၊ စော်ကားကျူးလွန်၊အခွန်တောင်း မှူးမတ်တို့ကို၊ သတ်ဖြတ်ပြုလုပ်မည် ရှိသည်တွင်...
မင်းသမီး ဘခင်ဖြစ်သော ရသေ့က-ဓလေ့ ထုံးစံ၊အခွန်တောင်း သံတမန်တို့ကို၊ ရာဇဒါဏ် မပေးသင့်ကြောင်း၊ မကောင်းပြုက၊ မကောင်းသူ့တွက်တာဟု ဆရာရသေ့ မိန့်ဆိုလျှင်.….
မစီရင် မရိုက်ခတ်၊ အခွန်တောင်း အမတ်တို့ကို၊တစ်နပ်မျှ ထမင်းမကျွေး၊ ထွက်ပြေး ပြန်သွားစေသည်။
ယင်းသို့သော အကြောင်းအရာများကို ဒွတ္တဘောင်မင်းကြီးထံ ပြန်ရောက် လျှောက်ထား ကြားသိတော်မူလျှင် အမျက်ချောင်းချောင်းထွက်၍ ကိုယ်တော်တိုင် ချီတက်လာသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment