တရံရောအခါ သာသနာတော် တစ်ရာ့တစ် ၁၀၁ ခုတွင် မင်းအဖြစ်သို့ ရောက်၍ မြို့ကျုံးထီးနန်းများကို တပြိုင်နက် တည်ထောင်တော်မူသော သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည် ပဉ္စင်းဖြူ၊ ပဉ္စင်းညို.ဟူသော အမတ် (၂) ယောက်ကို အကြီးအမှူးထားလျက် အရပ်ရပ်သော မြို့ကျေးရွာများမှာ ဒသဘာဂဖြစ်သော
ဆယ်ဘို့တစ်ဘို့ အခွန်တော်များကို အတောင်းအခံ စေလွှတ်မြဲဖြစ်၍ ထိုအမတ်နှစ်ဦးတို့ ပန်ထွာပြည်သို့ သွားရောက်တောင်းဆိုလျှင်...ပန်ထွာပြည် မှူးမတ်တို့လည်း နိုင်ငံခြားနား၊ ကွဲပြားကိုယ်ရှိလေပြီးသည် အမှုကို၊ အစု အခွံ၊ ဗုဇွန်တစ်လက်မမျှ၊ တို့က ပေးခွင့်၊ မသင့်မလျော်၊ စော်ကားကျူးလွန်၊အခွန်တောင်း မှူးမတ်တို့ကို၊ သတ်ဖြတ်ပြုလုပ်မည် ရှိသည်တွင်...
Thursday, June 28, 2018
အင်ကြင်းကုန်း
ကျေးဇူးကြီးမားသော ဗိဿနိုးနတ်မင်း နေထိုင်စေရန် မြို့၏ အရှေ့တောင်အရပ်တွင် အင်ကြင်းဥယျာဉ် ပြုလုပ်ကိုးကွယ်သည်၊ ထိုအရပ်ကို ယခု အင်ကြင်းကုန်းဟု ခေါ်ဝေါ်သမုတ်သည်။
ဂူအင်းထောင့်
ထိုမင်းသမီး၏ မယ်တော် ဘီလူးမ ရံခါလာရောက်နေ
ထိုင်စေရန် တစ်ခုသော အင်း၏ အထောင့်၌ ဂူတည်၍ ထားရှိသည်။ ယခု ထိုအရပ်ကို ဂူအင်းထောင့်ဟု သမုတ် ခေါ်ဝေါ်သည်။
ထိုင်စေရန် တစ်ခုသော အင်း၏ အထောင့်၌ ဂူတည်၍ ထားရှိသည်။ ယခု ထိုအရပ်ကို ဂူအင်းထောင့်ဟု သမုတ် ခေါ်ဝေါ်သည်။
ဖောင်တော်ပေါက်
ဗိဿနိုးမြို့အနောက်၊ မင်းသမီး ပျော်ပါးစေရန် ဖန်ဆင်း၍ပေးသော အင်းသို့ သွားလိုလျှင် ဖေါင်နှင့်သွားလာနိုင်အောင် မြောင်းတူးဖောက်၍ ပေးသည်။ ၎င်းမြောင်းကို ဖေါင်တော်ပေါက်ဟု သမုတ်သည်။
ရန်ပယ်ချောင်း
ထိုမှတပါးလည်း စည်ကိုတီးလျှင် ရန်သူတပါးတို့ မဝင်ရောက်နိုင်၊ ချောင်းရေကြီးစွာ၊ ဆီးကာစေတတ်သော အတုလ စည်တော်ကိုလည်း သိကြားမင်းက ပေးအပ်သည်။ စည်တီးလျှင် ရေကြီးစွာ စီးကျသောချောင်းကို ရန်ပယ်ချောင်း ဟု သမုတ်ခေါ်ဆိုသည်။
ပန်ထွာပြည် - ဗိဿ နိုးမြို့
ပန်ထွာ ဆုတောင်းခဲ့ဘူးသော အတိတ်စကားကြောင့်၊
ပြည်တော်ကို ပန်ထွာပြည်။ ဗိဿနိုးနတ်မင်း ဖန်ဆင်းပေးအပ်သော မြို့ဖြစ်၍ မြို့တော်ကို ဗိဿနိုးမြို့သမုတ်လေသည်။
ရွှေရောင်တော်ဘုရား
မြို့ဦးဘုရား၊ တည်ထားကိုးကွယ်စေရန် အဇာတသတ်မင်း လက်ထက် သိုဝှက်သိမ်းဆည်း၍ ထားသော ဓာတ်တော်များကိုလည်း ယန္တယားစက်အတွင်းမှ ဆောင်ယူပေးအပ်သဖြင့် ဘုရားအလောင်း ကြက်ဖြူမင်း နေလေ့ရှိသော အရပ်တွင် သံတောင် ၅၀ ခန့် အတိုင်း အရှည်ရှိသော စေတီကို ဗိဿနိုးနတ်မင်း ညွှန်ပြတည်ထားလျှင် နီလ-ပီတ စသော ရောင်ခြည်တော် ခြောက်ပါးတို့သည် ပြိုးပြိုးပက်ပြက်၊ တခဲနက် ထွန်းလင်းတောက်ပသည်ကို
ဖူးမြင်ရသော အရောင်တော်တို့ကြောင့် ရွှေရောင်တော်ဘုရားဟု ကျောက်စာကမ္ဗည်း ထိုးမှတ်သည်။
ဖူးမြင်ရသော အရောင်တော်တို့ကြောင့် ရွှေရောင်တော်ဘုရားဟု ကျောက်စာကမ္ဗည်း ထိုးမှတ်သည်။
ဗိဿ နိုးမြို့
ထိုအရပ်ဒေသတွင်လည်း စတုရန်းအားဖြင့် တာလေးထောင် (၄၀၀၀) ပမာဏ ကျယ်ဝန်းသော မြို့ထီးနန်းကို တန်ဆောင်း ပြအိုး၊ မြို့ရိုး ကျုံး မြောင်း များနှင့်တကွ ဗိဿနိုး နတ်မင်းက ဖန်ဆင်း တည်ထောင်၍ ပေးသည်။
အိုးထိန်းတောင်
ဤသို့လျှင် ပန်ထွာ ဆုတောင်းခဲ့သော ကုသိုလ်သည် အကျိုးပေးချိန် စေ့ရောက်တော့သည်-ဟူသော အမိန့်ကို နာခံရ၍၊ ဗိဿနိုးနတ်မင်းက မဖုတ်သေးသော အိုးပင်ဖြစ်ငြားသော်လည်း မကွဲမပျက်စေခြင်းငှါ တောင်ငယ်ပမာဏရှိသော အိုးတစ်သိန်းကို ဖန်ဆင်းထားလေ၏။ ထိုအရပ်ကို အိုးသိန်းတောင်တွင်သည်။ ယခု-အိုးထိန်းတောင်တွင်သည်။
ပန်ထွာမင်းသမီး
ငါတို့ ဂေါတမ မြတ်စွာဘုရား၊ ပရိနိဗ္ဗာန် စံလွန်တော်မူသည်နောက်၊ သာသနာတော် သက္ကရာဇ် ၅၉-ခုတွင်၊ သံသယမည်သော သင်းတွဲပြည်ကြီးမှ၊ မဟာသမ္ဘ၀၊ စူဠာသမ္ဘဝ၊ ဇစ္စန္ဓဘွား၊ မင်းနှစ်ပါးတို့ကို ဘောင်နှင့် မျှောလိုက်ရာ-စစ်ကိုင်း အရပ်က ရွှေနံကိုင် အမည်ရှိသော ဘီလူးမသည် ညီနောင်နှစ်ပါးတို့၏ စမြိန်စာ ပွဲတော်ကို ခိုးယူ စားသောက်၊ ဖမ်းကိုင်မိသည် ကာလ၊ သာယာသောစိတ် ရှိသည်ဖြစ်၍၊ ပဋိသန္ဓတေည်ခြင်း အကြောင်း ရှစ်ပါးတွင်-ဆံထုံးကို ကိုင်ခြင်း၊ လက်ကို ကိုင်ခြင်းဖြစ်သော အင်္ဂပဉ္စင်္ဂ ပဋိသန္ဓေသည် ထိုဘီလူးမဝမ်း၌ ကပ်ငြိလေသည်။
ဒုတိယ - တောင်တွင်းကြီး
တောင်တွင်းကြီးသမိုင်း
ဒုတိယပိုင်း
သက်ငယ် သမန်းတို့ဖြင့် မောက်လျှမ်း ပေါများလျက်၊ တောသား၊
တောင်သူ၊ မိလက္ခူချင်း ကရင်တို့သာ လယ်ယာ လုပ်စား၍ ရှည်လျား ကာလ၊ နေထိုင်ကြသတည်း။
ရွှေအင်းတောင်စေတီတော်
တရံရောအခါ၊ ထိုမင်း အိပ်မက်မြင်တော်မူသည်ကား ဆဒ္ဒန်အိုင်မှ ဆင်ဖြူတော်ရတနာသည် လူအများကိုမထိုးမဝှေ့ အပြင်းလာရောက်သည်ဟု မြင်မက်တော်မူသည်။
ပုဏ္ဏဝတီ-တောင်တွင်းကြီး
တိုင်းတော် ပြည်တော်ကိုလည်း ပုဏ္ဏဝတီပြည်။ ဇေယျာဝဍ္ဎဏတိုင်း သမုတ်တော်မူပြီးလျှင်၊ မဟာသက္ကရာဇ် *၈၄၀၈ ခု၊ တပေါင်းလဆန်း ၇-ရက်၊ စနေနေ့၊ရွှေပန္နက်၊ ငွေပန္နက် ချမှတ်၍ မြို့တော်၊ ထီး နန်းများကို တည်ထား ပြုစုတော်မူသည်။
ပန်းတွင်းရွာ
ယင်းကမှ- ရတနာ ဆင်ဖြူတော်ကို ခရီးရှေ့ညွန်ထား၍၊ ချီသွားတော်မူပြန်ရာ၊ ပန်းသင်းတောအရပ်သို့ရောက်လျှင် -ဆင်တော် မသွား၊ တန့်နား ရပ်နေသည်နှင့်၊ဆင်တော်ရပ်နေသော အရပ်သည် သာမညအားဖြင့်၊ ရပ်နေသည်မဟုတ်၊ တစ်စုံတစ်ရာ အကြောင်း၊ နတ်ကောင်း နတ်မြတ်တို့၊ စေ့စပ် ဆော်နှိုး၊ အကျိုးတော်ဆောင်၊အောင်မြေကွက်ရပ်၊ နှင်းအပ်ကြသောအရာဟု၊ ကြည်ရွှင်စွာသော ရွှေနှလုံးတော်မြတ်၊ ပြဋ္ဌာန်းတော်မူပြီးလျှင်...
ပဌနဂိုရ်
ယင်းကမှ-မြစ်ကြေ အောက်ရပ်သို့၊ ဗိုလ် တပ်လုံးရင်း၊ လှေသင်း အများနှင့်၊ စုံသွားတော်မူပြန်၍၊ သက်ပန်း-ပြူရွာသို့ ဆိုက်ရောက်တော်မူလျှင် ရွာနေရွာသားတို့က တရားနှင့်အညီ၊ တိုင်းပြည်ထီးနန်းကို သိမ်းမြန်း အုပ်ချုပ်နိုင်သော အင်္ဂါလက္ခဏာ၊ ဘုန်းတန်ခိုးတို့ဖြင့် တိုးပွား ကြီးကျယ်အံ့သည်ကို မြင်၍
အရှင်မင်းမြတ်- ဤရပ်-ဤရွာကို၊ ညှာတာသနားသဖြင့်၊ တရားနှင့်ညီလျော်၊ ကျွန်တော်မျိုးများ၊ ဆင်းရဲသားတို့ကို အုပ်ချုပ်၍၊ မင်းလုပ် စံနေတော်မူပါမည့်အကြောင်းကို-လက်ဆောင် ပဏ္ဏာ၊ များစွာ ဆက်သလျှောက်ထားလျှင်...
အရှင်မင်းမြတ်- ဤရပ်-ဤရွာကို၊ ညှာတာသနားသဖြင့်၊ တရားနှင့်ညီလျော်၊ ကျွန်တော်မျိုးများ၊ ဆင်းရဲသားတို့ကို အုပ်ချုပ်၍၊ မင်းလုပ် စံနေတော်မူပါမည့်အကြောင်းကို-လက်ဆောင် ပဏ္ဏာ၊ များစွာ ဆက်သလျှောက်ထားလျှင်...
ရန္တပို
ယင်းသည်ဒေသ၊ ရပ်ဌာနသည်၊ ညီတော်-သာဂီရမင်း၏ ဇာတာနှင့်၊ ပြည်ရွာထီးနန်း၊ တည်ထွန်းပျံ့ပွား၍၊ သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့်၊အဓွန့်ရှည်စွာ၊ ကပ်ကမ္ဘာအဆုံး၊ ဘုန်းတန်းတေဇာ တိုးတက်ရာသော အကြောင်းကို မြင်တော်မူသဖြင့်၊ ညီတော်မြတ်အား လျောက်ပတ်သော အလုံးအရင်းကို အပ်နှင်း
မစတော်မူပြီးလျှင်၊ ဧရာဝတီမြစ်ကြောင်းကို၊ တစ်သောင်းသော ဗိုလ်ခြေနှင့်၊ အုပ်ထွေသောသော၊ စုန်မျောတော်မူလေရာ၊ ရန္တပိုအရပ်တွင် တစ်မိုးခိုလျက်၊ စံနေတော်မူသည်။
မစတော်မူပြီးလျှင်၊ ဧရာဝတီမြစ်ကြောင်းကို၊ တစ်သောင်းသော ဗိုလ်ခြေနှင့်၊ အုပ်ထွေသောသော၊ စုန်မျောတော်မူလေရာ၊ ရန္တပိုအရပ်တွင် တစ်မိုးခိုလျက်၊ စံနေတော်မူသည်။
ဥဿ ပဲကူး
သားတော်နှစ်ပါး တင်လျှောက်သော စကားကို အားရနှစ်သက်တော်မူသဖြင့်၊ စုံမက် ချစ်ခင်လှသော သားတော်တို့အား အလုံးအရင်း၊ ဆင် မြင်း လက်နက် ရဲမက် ဗိုလ်ပါ၊ ကရိယာအစုံ၊ ကုံတံလောက်အောင် အရေးကို၊ ပေးမ ချီးမြှင့်တော်မူသည်နှင့်၊ ညီနောင်နှစ်ပါးတို့သည်၊ ခမည်းတော်မြတ်၊ မယ်တော်နတ်တို့အား၊ ဝပ်ရိုကျိုး၊ ရှိခိုးပူဇော်၊ ဖူးမြော်ကန်တော့ပြီးလျှင် ...တည်ထွင်ရာသော အကြောင်း ဗိုလ်ပေါင်း စည်းကြပ်၍ အောင်တပ် ချီတော်မူလေရာ သလ္လာဝတီမြစ်ကို အမှီပြု၍၊ ဥဿာပဲကူးအရပ်တွင်၊ လျောက်ပတ်သော ဌာန၊ဘူမဂ္ဂအစစ်၊ ဖြစ်ထိုက် မဖြစ်ထိုက်၊ ဓါတ်သိုက် နိမိတ်၊
အတိတ် တဘောင်၊ စနည်းသည် ရှေ့ဆောင်၍၊ ညီနောင်နှစ်ပါး၊ ပိုင်းခြားဆင်ခြင်လျှင်...
အတိတ် တဘောင်၊ စနည်းသည် ရှေ့ဆောင်၍၊ ညီနောင်နှစ်ပါး၊ ပိုင်းခြားဆင်ခြင်လျှင်...
သာဂရနှင့် သာဂီရ
သုံးလူ့ အထွဋ်၊ သဗ္ဗညုမြတ်စွာဘုရား၊ ဘွားတော် မမူမီ နှစ်ပေါင်း ၃၅၈-နှစ်တွင်၊ မဇ္ဈိမဒေသ၊ သင်္ကဿနဂိုရ်ပြည်ကို အစိုးရတော်မူသော ဘေရိန္ဒမင်းကြီး၏ သားတော် သာဂရ၊ ညီတော် သာရီရ မင်းနှစ်ပါးတို့သည် တက္ကသိုလ်ပြည်မှ သင်ကြား တတ်မြောက်ခဲ့သော အတတ်ပညာဖြင့် တွက်ချက် ကြည့်ရှုရာ ဤသင်္ကဿနဂိုရ်ပြည်၌ ခမည်းတော်မရှိလျှင် မင်းစဉ်မင်းနွယ်၊ သိရ်ငယ် ပပျောက်အံ့သောအကြောင်း။
Tuesday, June 26, 2018
တောင်တွင်းကြီးသမိုင်း - ပဋိညာဉ်နိဒါန်း
တောင်တွင်းကြီးသမိုင်း
နမောတဿ ဘဂဝတာ၊ အရဟတာ၊ သမ္မာသမ္ဗုဒ္ဓဿ
ပဋိညာဉ်နိဒါန်း
နာဂသျှန္တ ၊ မဏိပူရ၊ ကမ္ဗောဇ၊ ဇောတိနဂရ၊ခေမာဝရ၊ မောရိယ၊ ဟရိဘုဉ္စ၊ သုဏ္ဏဘုမ္မိ၊ သီရိပစ္စယာသုနာပရန်၊ တမ္ပဒီပ စသော တိုင်းကြီးပြည်ကြီးတို့နှင့်တကွ တစ်ရာ့တစ်မျိုး၊ ခိုးကိုးမြတ်ရှိုင်း၊ တလိုင်း၊ ကုလား ၊ယိုးဒယား ယွန်း၊ ဂျွန်း လဝသက်၊ တရက် တရုပ်၊ပချူကသီ၊ ဝေသာလီနှင့်၊ ဒီလီပဇာ၊ ဘင်္ဂါရခိုင်၊ ခရိုင်ဒေသ မြို့ပြထီးဆောင်း၊ မင်းအပေါင်းတို့၏ အသျှင်၊ ဆဒ္ဒန်ဆင်မင်း သခင်၊ သင်္ဘော ယာဉ်ငြင်၊ သမင် သိန္ဓဝ၊ နွားကြီး ဥဿဘ၊ သားမျိုး ကသော၊ ရထားစကြာများသခင်၊ ပဉ္စမသင်္ဂါယနာတင်၊ ရတနာပုံ ရွှေပြည်တော်ကြီးကို လက်မွန်အစ ပဌမ တည်ထောင်ရင်း ဖြစ်တော်မူသော၊အသျှင်ဘဝရှင် မင်းတရားကြီး၏ လက်ထက်တော် -
Friday, June 22, 2018
ထီးတော် စိန်ဖူးတော် တင်ပွဲ
နိုဝင်ဘာ(၂၄)ရက်နေ့ နံနက်(၈)နာရီခန့်မှ
နေ့(၁၁း၃၀)ခန့်အချိန်င် တောင်တွင်းကြီးမြို့၌ အောင်မြင် ဇေယျဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး)ထီးတော်စိန်ဖူးတော်တင်ပွဲသို့ ရဟန်းရှင်လူဘုရားဖူးပရိသတ် အပေါင်း တစ်သိန်းကျော်ခန့်ဖြင့်
ရွှေမိုးငွေမိုးများ ရွာသွန်းကျဲချ၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီးကြောင်း ၊ဤဘုရားကြီး
ထီးတော်တင်ပွဲကို သံဃာနာယက အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဗန်မော်ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊
ရန်ကုန်တိုင်းဒေသကြီးသံဃာ့ ဥက္ကဋ္ဌ ဦးသိဒ္ဓိဗလ တို့မှ အမှုထားဦးဆောင်၍ မကွေးတိုင်းဒေသကြီး/ခရိုင်/
မြို့နယ်များမှ သံဃာတော်များ ဦးဆောင်၍ အမျိုးသားလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီး
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ တောင်ပြင် (၂ ) ရပ်ကွက်ရှိ ရှေးဟောင်း သမိုင်းဝင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ရပ်နီးရပ်ဝေးရှိ မိတ်ဆွေ သင်္ဂဟများ ဖူးမျှော် ကြည်ညိုနိုင်ပါရန် ...
Thursday, June 21, 2018
Wednesday, June 20, 2018
နတ်မှီတောရသို့ သွားခြင်း
“ရှင်ဥက္ကဋ္ဌသည် သူ၏ အမြင်သစ် အတွေးသစ်များပါသည့်
စာအုပ်စာတန်းမျိုးစုံကို ရေးသား၏။ ထိုအခါ တိုင်းပြည်တွင်
ဂယက်ထသွားလေ၏။ အဟောင်းသမားများ၏ ဝိုင်းပယ်ခြင်းကို
ခံရလေ၏။ တော်လှန်သော အတွေးရှင်တို့သည် ခေတ်တစ်ခေတ်
၏ ဝိုင်းပယ်ခံရသော်လည်း၊ နောင်တစ်ခေတ်၏ အပူဇော် ခံရ
တတ်လေသည်။ ခေတ်တစ်ခေတ်၏ ‘ချဉ်ဖတ်’ဖြစ်ရသော်လည်း၊
နောက်တစ်ခေတ်၏ ‘နတ်ဒေဝတာ’ဖြစ်ရတတ်လေသည်”
-ဆရာ ပါရဂူ
ဂယက်ထသွားလေ၏။ အဟောင်းသမားများ၏ ဝိုင်းပယ်ခြင်းကို
ခံရလေ၏။ တော်လှန်သော အတွေးရှင်တို့သည် ခေတ်တစ်ခေတ်
၏ ဝိုင်းပယ်ခံရသော်လည်း၊ နောင်တစ်ခေတ်၏ အပူဇော် ခံရ
တတ်လေသည်။ ခေတ်တစ်ခေတ်၏ ‘ချဉ်ဖတ်’ဖြစ်ရသော်လည်း၊
နောက်တစ်ခေတ်၏ ‘နတ်ဒေဝတာ’ဖြစ်ရတတ်လေသည်”
-ဆရာ ပါရဂူ
Tuesday, June 19, 2018
Subscribe to:
Posts (Atom)