Pages

Subscribe:

Search This Blog

Monday, July 30, 2018

သျှင်ဥက္ကဌ (တောင်တွင်းကြီးဆရာတော်)

တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းမှ ဆရာတော်ကြီး သျှင်ဥက္ကဌ ၏ ထေရုပ္ပတ္ထိအား လေ့လာလိုသူ မိတ်ဆွေများရဲ့တောင်းဆိုချက်အရ ဖော်ပြပေးလိုက်ပါတယ်။

သျှင်ဥက္ကဌ (တောင်တွင်းကြီးဆရာတော်)

ဆရာတော် သျှင်ဥက္ကဌ၏ မိဘမျိုးရိုးဇာတိမှာ မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့ မြောက်ဘက် (၁၆)မိုင်အကွာရှိ မြို့သစ်မြို့မှ ဖြစ်သည်။ အင်္ဂလိပ်မြန်မာ နောက်ဆုံးစစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်ဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရစဉ် တောင်တွင်းကြီးမြို့၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ဆီမီးထွန်းရွာငယ်တွင် ၁၂၅၉ ခုနှစ်တော်သလင်းလဆုတ် (၉)ရက် (၁၈၉၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်) တနင်္ဂနွေနေ့နံနက် (၄)နာရီအချိန်တွင် ဖွားမြင်သည်။ အဖ မွန်းရွှေထပ် ၊ အမိ မယ်လှဝါ တို့၏ သားသမီးငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။ မွေးချင်းပေါက်ဖော်တို့မှာ ကိုပေါ၊ ကိုမင်းဟန်၊ ကိုဂေါ်ရာ၊ မဖွားမုန်း နှင့် ဆရာတော်လောင်းလျာ ကိုအောင်ဇံထွန်း တို့ဖြစ်ကြသည်။

Tuesday, July 17, 2018

ရွှေပြည့်စင်ကုန်း

            မြေသည်လည်း ဘောဂဝတီပြည်၌ ရှိသော အရုဏဝတီမြေနှင့် အလားတူ၏။ အရုဏ၀တီမြေ ဟူတုံသည်လည်း ရွှေအဆင်းနှင့် တူသလျှင်ကတည်း။
            ထိုသူလေးဦးတို့ စေတီတော်အနီးအပါး သည်ယူပုံထားသော မြေကို လေးကျွန်းမြေဟု ခေါ်ဝေါ်သမုတ်သည်။ အလိုတော်အတိုင်း ပြည့်စုံအောင် နတ်တို့ ကူညီမစသောကြောင့် ထိုမြေပုံထားသော ကုန်းကို ရွှေပြည့်စုံကုန်းဟူ၍ ခေါ်သည်။ ယခု စကားရွေ့လျော၍ ရွှေပြည့်စင်ကုန်းဟု တွင်သည်။

---------

အရုဏဝတီမြေ - နီသောအဆင်းရှိသောမြေ (မြေနီ)

လေးကျွန်းမြေ

           ထိုအရပ် ခြောက်ထောင်ခန့်မျှ လုံးပတ်ပြည့်ဖြိုးသော ကိုယ်သဏ္ဌာန်ရှိသော လူကြီးလေးယောက်တို့သည် လေးကျွန်းက သုဝဏ္ဏဘုမ္မိမြေကို ဘုရားသရွတ်လုပ်ရန် သွားရောက် သည်ယူ ပေးအပ်ပါရစေ, ဆို၍ ထိုသူလေးဦးတို့ သည်ယူ ပို့ရောက်သည်ကား တစ်ဦးတစ်ယောက်လျှင် တစ်ခေါက်တစ်ခေါက်ကို တစ်ကုမ္ဘ”ပါသော ဟူ၏။

----------

တကု မ္ဘ = ၂၇ တင်းခွဲ = ၂၇ တင်း ၈ ပြည် (အချင်ဝန်)

တနာဠိက ဓာတ်တော်

          ထိုအခါ ပါသော မှူးမတ်ကျေးကျွန်တို့ကို အလျင်တဆော သည်ယူစေ၍ သုံးထောင်ခန့် ပေါ်ရှိသော စေတီတော်ကို လွှမ်းခြုံပြီးလျှင် အတောင်သုံးဆယ် (၃ဝ) မျှရှိသော စေတီတော်ကို တမုဟုတ်ခန့်နှင့် အပြီးမြောက်တည်တော်မူ၍ ရွှေပြည်တော်က ပါသော တနာဠိက ဓာတ်တော်များကို ဌပနာတော်မူရသည်။

------

တနာဠိက =  တစ်ပြည် (ချင်ဝန်)

သရီရဓာတ်တော် မွေတော်

           ယင်းသို့သောအခါ ဆင်တော်ပေါ်၌ ရှိသော ဓာတ်တော်များကို ချယူမည် ရှိရာ၊ အချအယူကို မခံ၊ ရတနာပြောင်မွန် ဆင်တော်သည် မုံမာန်ပွါး၍ အနီးအပါးနေသူတို့ကို ဝှေ့နင်းအံ့သို့ ဖြစ်သောကြောင့် မင်းညီနောင် နှစ်ပါးတို့သည် ရွှေနှလုံးတော် မကြည်ရှိကြသည်နှင့် ထိုအကြောင်းကို အမတ်ကြီး ပဏ္ဍိစ္စလျှောက်သည်ကား

             မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသည်နောက်
နှစ် ပေါင်း (၂၃၆) နှစ်ရာသုံးဆယ့်ခြောက်ခုနှစ်တွင် သီဟဠဒီပ ကျွန်းကို အစိုးရတော်မူသော ဒေဝါနံပိယတိဿ မင်းကြီးသည်၊ မဟာစေတီတော်ကြီးကို တည်လုပ်တော်မူ၍ ဌပနာရန် ဓာတ်တော်များကို
ဆင်တော်နှင့် တင်ယူလာရောက်၊ ဓာတ်တော်ကို ချယူရာ- ဆင်တော်သည် အချ အယူ မခံ၊ မုံမာန်ပွားများခြင်းကြောင့်၊ မှူးတော် မတ်တော်တို့ကို မေးတော်မူရာ မှူးမတ်တို့ လျှောက်သည်ကား...

ရေမီး အစုံ အစုံသော ရောင်ခြည်တော်

          ယင်းသို့ ပူဇော်ကန်တော့ကြစဉ်-နေဝင် ဆည်းဈာ အချိန်ရောက်သည်နှင့် သင်္ကျစ်တော် ဓာတ်သည် ဥရုဝေဋ္ဌတော သရက်ဖြူပင်ရင်းတွင် ယမကပါဋိဟာရိယ ဗြာဒိတ်တော်ကို ရေမီး အစုံ အစုံ ပြဘိသကဲ့သို့ နီလ, ပီတ,လောဟိတ, ဩဒါတ, မဉ္ဇိဋ္ဌ ပဘဿရ, ဒိသာ ဖရဏ ရောင်ခြည်တော်တို့ဖြင့် တပြိုင်နက် တစ်ချက်တည်း
ပြွမ်းလျက်၊ တခဲနက် သက်တုံ- တက်တုံ၊ အံ့သြ၍ မကုန်အောင် ရှိတော်မူသည်။

ကျောက်တိုင်အက္ခရာ

            ၎င်းသူအိုတို့ လျှောက်ထားချက်အရ၊ ကြည့်ရှုလိုက် ရှာစေရာ မြေပေါ် တစ်တောင်ခန့်ရှိသော ကျောက်တိုင်ကို တွေ့၍ တူးဖော်သည် ကာလ၊ ၁၅င်္(တစ်ဆယ့်ငါးတောင်) ရှိမှ ကျောက်တိုင်အဆုံး ပေါ်သည်။

           ၎င်းကျောက်တိုင်တွင် စာအက္ခရာ သေချာအောင်မပါမရှိ။ ကျောက်တိုင်အောက်ခြေထိပ်မှာသာ -
က နှင့် ပ ဆင့်၍ တချက်၊
ဒ နှင့် ဆ ဆင့်၍ တချက်၊
သြ နှင့် ပ ဆင့်၍ တချက်
အက္ခရာခြောက်လုံး တွေ့ရှိသည်။

စေတီဟောင်းငုတ္တို

            အမတ်ကြီး လျှောက်ချက်စကားကို အားရဝမ်းမြောက်တော်မူသည်ဖြစ်၍ တော မြက် ခြုံပိပ်ပေါင်းများကို ခုတ်ထွင်ကြည့်ရှုကြရာ တစ်ခုသော အင်း၏အလယ် တစ်ပယ်ခန့်ရှိသော တောင်ငယ်တစ်ခုတွင် ရတနာဆယ်ပါးတို့ဖြင့် ချယ်စီလျက် ဖောင်းရစ် အထက် သုံးတောင်ခန့်မျှ ပေါ်သော၊ စေတီတော်မြတ်ကို တွေ့ရှိသည်။

           ထိုမှတပါး အနီးအစပ်၊ အရပ်ဒေသများတွင် အိုးခြမ်းကွဲ၊ ဖွဲဟောင်း၊ မီးသွေး၊ အုဋ္ဌ်ဆွေး၊ ပြာဟောင်း နွားခေါင်း၊ နွားရိုးများစွာ တွေ့ရှိသည်။

ရွှေအင်းတောင်


တတိယအကြိမ် ပြင်ဆင်မွမ်းမံ တည်လုပ်ခြင်း

               ၎င်းက ရပ်နားနေထိုင်၍ မြေနေ ရေနေ အခြေအမြစ် ကောင်းသည်နှင့် ရတနာပြောင်မွန် ဆင်တော်ကို ရှေ့ညွှန်ထားလျက် မြို့ရွာ နှင်းချဉ်းစေရာ တာတစ်ရာ (၃၀၀) ကျော်ခန့်ရှိလျှင် ရတနာပြောင်မွန်ဆင်တော်သည်မသွားဘဲ အရှည်လေးမြတ် ဝပ်၍နေလျှင် ဆင်ကဲဆင်မှူးတို့သည် ဆင်တော် မောပန်း၊ စခန်းချရပ် ဝပ်၍ နေ
ကြောင်းနှင့် လျှောက်ထားသော ကာလ၊ ထိုအကြောင်းကို မေးတော်မူ၍ အမတ်ကြီး ပဏ္ဍိစ္စလျှောက်သည်ကား...

ရွှေမောဓောစေတီ


            ၎င်းက ချီလာရာ ရှမ်းလူမျိုးတို့ အိုးဖုတ်လုပ်သော ရွာကို တွေ့၍ မည်သည့်ရွာ ခေါ်သနည်း-ဟု မေးရာ၊ ရှမ်းတို့ဘာသာ အိုးကို မောခေါ်သည်။ ဤသို့သော အကြောင်းဖြင့် မောတောရွာဖြစ်ကြောင်းနှင့် လျှောက်ထားလျှင် ၎င်းရွာတွင် ဆိုင်းငံ့စံနေတော်မူ၍ ဘုရားတစ်ဆူ တည်တော်မူသည်။ ထိုဘုရားကို ရွှေမောတောဟု သမုတ် တော်မူသည်။

Thursday, July 5, 2018

ပန်းတော

          ၎င်းက ချီလာရာ တစ်ခုသောရွာက သူအိုတစ်ယောက်သည် “ကောင်းကြွယ်ချမ်းသာ မြင့်မြတ်ပါစေသတည်း” ဟု ကောင်းချီး ထောပနာလျက် ပန်းတောက်ပန်းများစွာ ဆက်သသည်။ ၎င်းအရပ်ကို ပန်းတော်ဆက်ဟု သမုတ်သည်။ ယခု ပန်းတောဟု တွင်သည်။

ရဲတပ်-ပျူအင်း

            ၎င်းက ချီလာရာ တစ်ခုသော အင်းတွင် ပျူလူမျိုး အများ ငါးလုပ်၍ တွေ့သည်။ ထိုလူမျိုးတို့သည် အမှုထမ်းလိုကြောင်းနှင့် လျှောက်ထားကြသောကြောင့် ရဲအမှုထမ်းဖွဲ့၍ တပ်ကြီး ကြီးမားစွာ တည်ထားနေထိုင်စေသည်။ထိုအရပ်ကို ရဲတပ်ဟု တွင်သည်။

          ပျူလူမျိုးတို့ ငါးလုပ်၍နေသော အင်းကိုလည်းပျူအင်း ဟု သမုတ်တော်မူ၍ ကျေးရွာတည်ထား ပြုတော်မူသည်။

တောစိမ်း-ထန်းပင်တဲ

          ယင်းသောအခါ၊ ကြီးစွာသော မျောက်တစ်ခုသည်။ သစ်ပင်မှ ဆင်းသက်လာ၍ မြောက်အရပ်သို့ ညွှန်ပြသည်။ ထိုလက်ညှိုးညွှန်ပြသော အရပ်ကို ကြည့်ရှုရာအခက်အရွက်တို့ဖြင့် စိမ်းညို နုပျိုသောတောကို မြင်သည်။ထိုတောသို့ ရောက်အောင် ချီတော်မူပြီးမှ တပ်တော် ချရပ်နေထိုင်သည်။

           ထိုအရပ်ကို တောစိမ်း တပ်-မင်းတဲ ဟု တွင်သည်။ တနည်းလည်း တောစိမ်း တ-ပင်းတဲဟု တွင်သည်။ ယခု ရွေ့ လျော၍ တောစိမ်း-ထန်းပင်တဲဟု တွင်သည်။

ဆတ်သွား

           ယင်းကမှ ချီတက်လာရာ ဆတ်တစ်ခုသည်၊ ရေညွန်များစွာ လူးလျက် သွားသည်ကို လိုက်လာ၍ စွဲရပ်နေထိုင်သည်၊ ထိုအရပ်ကို ဆတ်သွား-တပ်ကြီး ဟု သမုတ်သည်။ ယခု စကားရွေ့လျော၍ ဆတ်သွားကြီးဟု တွင်သည်။

ထန်းတောကြီး

            ထိုအရပ်တွင် တောင် ကမ်း ကြီးမား၊ သစ် ဝါး ကြိမ် နွယ် ထူပေါသည်နှင့် ထောက်လှမ်းဆင်ခြင်တော်မူသည်မှာ -

            ဤအရပ်မှ ရှေ့သို့ ချီတက်လျှင် ယခု ချရပ်သော နေရာထက် သာလွန်၍ တော တောင် ကမ်းပါး ပေါများ ကြီးမြင့်ရာသည်။ အမှုထမ်း ဆင်းရဲသားတို့သည်လည်း နာဖျားရောဂါ များစွာ ဖြစ်အံ့သည်။ အနောက်မြောက်သို့ တက်ချီရမှ သင့်လျော်မည်ဟု တိုင်ပင်ညီညွတ်ကြသည်နှင့် ဆုတ်ခွာတော်မူ၍ မြို့ရာ တည်ခင်းချဉ်းနင်းရန်သဘောမကျသည်နှင့်၊ ငါးရက် ဆိုင်းရပ်တော်မူသည်။

              ထိုအရပ်ကို တပ်တော်ကြီးဟု သမုတ်သည်၊ ယခုစကား ရွေ့လျော၍ ထန်းတောကြီး ဟု တွင်သည်။

ဒလန့်ချွန်

         ထိုကချီလျှင်...တလိုင်းလူမျိုးတို့ လက်ဆောင်ပဏ္ဏာများစွာ ဆက်သပြီးလျှင် တံဆိပ်လက်မှတ်များကို ယူ၍ ကျွန်ခံကြကုန်သည်၊ ထိုအရပ်ကို တလိုင်းကျွန်ခံဟု သမုတ်တော်မူသည်၊ ယခု စကားရွေ့လျော၍ တလန်ချွန်ဟုတွင်သည်။

တပ်တော်ရာ

             ထိုကသည် ကျွဲနဖား ရောက်လေ၏။ ထိုအရပ်တွင် မြို့ရွာ တည်ခင်း ချင်းနင်း ကြည့်ရှုလျှင် တောတောင်မကောင်း၊ ချောင်းမြောင်း ကမ်းပါး ကုန်းကျင်းများသည်ကို၊ အားရ နှစ်သက်တော် မမူသောကြောင့် ငါးရက်ဆိုင်းစံနေတော်မူသည်။ ထိုအရပ်ကို တပ်တော်ရာ-ဟု သမုတ်၍ ကျေးရွာ တည်ထားပြုစုတော်မူသည်။

ဧရာဝတီ မြစ်စဉ်တလျှောက်

         ယင်းသို့လျှင် ဒွါရာဝတီပြည်မှ အစဉ်အတိုင်း ချီလာခဲ့၍ တောင်ခွင်ကျွန်းအောက်၊ ထန်းတပင်ဆိပ်သို့ ဆိုက်ရောက်တော်မူလျှင် တပင်တိုင် တဲနန်း လေးဆောင် ဆောက်လုပ် စံနေတော်မူသည်။ ထိုအညာ မြစ်စဉ်တလျှောက်ဖြစ်သော ပဌနဂိုရ်၊ မကွေး၊ ဝက်မစွတ်၊ ရေနံချောင်း၊ စကု၊ စလင်း၊ ဘောင်လင်း၊ လယ်ကိုင်းမြို့ရွာသားတို့သည် ပျပ်ဝပ်ကြိုးနွံသဖြင့် လက်ဆောင်လက်နက်များကို လာရောက် ဆက်သကြကုန်သည်။

           ထိုသူတို့အားလည်း ဘွဲ့၊ အမည်၊ အရည်၊ ရွှေ၊ ငွေ၊အဝတ်၊ အစား၊ အစီး၊ အနင်း၊ အဆောင်၊ အရွက်များကို ရည်များ ရှိသည်အလျောက် ချီးမြောက် သူကောင်း ပြုတော်မူသည်။

Wednesday, July 4, 2018

ဒွါရာဝတီရခိုင်မင်း

             ဒွါရာဝတီမင်းလည်း မှူးတော် မတ်တော်တို့ကို ထောက်လှမ်း ကြည့်ရှုစေရာ မင်းသားတို့၏ မူလဘူတမဇ္ဈိမဒေသ၊ သာကိရမင်းမျိုး၊ ဘုန်းတန်ခိုး ကြက်သရေ၊အခြေ အမြစ်၊ ရှိသည်၏အဖြစ်ကို၊ မှူးမတ်တို့ တင်လျှောက် ကြားသိ၊ နှစ်သက်ခြင်း ရှိတော်မူ၍၊ သမီးတော် နုမလ္လာကို ထိမ်းမြားတော်မူသည်။

            “ဒွါရာဝတီပြည် သင့်ရာရပ်ကွက်တွင်လည်း မြို့နန်းတည်ထောင် စံနေရမည်, ပြောဆိုရာ၊ တစ်တိုင်းတပြည်တည်းတွင် နှစ်ထီးနှစ်နန်း၊ မပြုမလုပ်လိုပါ။ အရှေ့တောင်ရိုး၊ အခြားတစ်ဘက်၊ သင့်ရာ ကွက်ရပ်၌၊ မြို့နန်း ပြုစုနေထိုင်ရလျှင် ဒွါရာဝတီပြည်ကို အခြားရန်သူများ ဝံ့တော်မည်မဟုတ်, ဖြစ်ပါ၍၊ ဖိုးခေါင်တောင်ရိုး အရှေ့ရောက်အောင် သွားလိုကြောင်းနှင့် ခွင့်တောင်း ပြောဆိုသော ကာလ ကိုးကွယ် ပူဇော်ရန် ဓာတ်တော်ဆူရေတစ်ရာ့နှစ်ဆယ် (၁၂၀) ကို ထပ်မံပေးအပ်တော်မူလိုက်သည်။

ကာလိင်္ကရာဇ်မင်း

         မြတ်စွာဘုရား သာသနာတော် ၁၃၇၃၊ သက္ကရာဇ် ၁၉၁-ခုတွင် မဇ္ဈိမဒေသဖြစ်သော ကလိင်္ကရဇ်ပြည်မင်းကြီး၏ မိဖုရားခေါင်းကြီးတွင်...မင်းပြောင်၊ မင်းရောင် မင်းနောင်၊ မင်းနဂါးဟူ၍ သားတော်လေးပါး၊ မယ်စော အမည်ရှိသော သမီးတော်တစ်ပါး၊ ပေါင်း ၅-ပါးကို ဘွားမြင်တော်မူပြီးနောက် မယ်တော်မိဖုရားကြီး နတ်ရွာ
လွန်လျှင်- ပဉ္စကလျာအမည်နှင့် ဣနြေ္ဒမူလ သင့်တင့်လျောက်ပတ်သော ကိုယ်လုပ်တော်တစ်ယောက်ကို မိဖုရားမြောက်ရါတွင် စန္ဒာအမည်ရှိသော သတို့သားကို ဖွားမြင်လေ၏။

         တရံရောအခါ ပြည့်ရှင်မင်းအား တူတော်ဖြစ်သော သေနက စစ်သူကြီးသည် အဆိပ်ခတ်သော ပျားမုန့်ကို ပို့ဆက်လှာ၏။ မင်းကြီးလည်း ကောင်းနိုးထင်၍ ပွဲတော် တည်မည်ရှိရာ- ပဉ္စကလျာ မည်သော မိဖုရားသည် ဤသို့ လျှောက်၏။

တတိယ-တောင်တွင်းကြီး

တောင်တွင်းကြီးသမိုင်း
တတိယပိုင်း

         မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသည်နောက် သုံးလမြောက်တွင် အဇာတသတ် မင်းနှင့် ကဿပရဟန္တာအရှင်မြတ်တို့ အဋ္ဌ် ဇယ အစ်၊ သက္ကရာဇ် ၁၄၈ ခုကို နှစ်ခု အကြွင်းထားလျက် ဖြိုတော်မူသည်။

         ယင်းသည့်နောက် နှစ်ပေါင်း ၆၂၂ ခုရှိသောအခါ သရေခေတ္တရာပြည်တွင် ငတပါးမင်း၏ အဆက်အနွယ်ဖြစ်သော သုမုန္ဒရီမင်းသည် အကြွင်းနှစ်ခုထား၍ ဒေါဒေါရဿကိန်းဖြင့် ဖြိုတော်မူသည်။

Tuesday, July 3, 2018

ပန်ထွာမိဖုရား ကွယ်လွန်ခြင်း

         ဤသို့လျှင် ငါတို့ပြည့်ရှင်မင်းအား မကောင်းကြံသူ ဖြစ်သည်ဟု၊ မှူးမတ် ပြည်သူတို့က ပို့ဆက်သော သစ်ကျားသီးနှင့် ဝက်မြေဥကို စားမိချေသောကြောင့် ပန်ထွာမိဖုရား ကွယ်လွန်လေသည်။

          ထိုမိဖုရား သစ်ဥ သစ်သီးတို့ကို စုံမက် နှစ်သက်ခြင်းသည် ပွေးဖြစ်ခဲ့ဘူးသော ရသတဏှာဝါသနာထုံကြောင့်၊စုံစုံမက်မက်၊ နှစ်သက်လှသော အမှုဖြင့် သစ်ဥ သစ်သီးတို့ကို မငြီးမငွေ့၊ သုံးဆောင်လေ့ဖြစ်သတည်း။

             ယင်းသို့ ဖြစ်သောကြောင့် မင်းတို့မည်သည် သူစိမ်းသူကျက်တို့က ပို့ရောက်သော ဆင်ယင် အဝတ်တန်းဆာ၊ အစားအသောက်များကို အမှတ်မဲ့ ဆင်ယင် ဝတ်စားခြင်းကို မပြုမူ၍၊ သင့်-မသင့်၊ လျော်-မလျော်များကို ပညာသတိ၊ ရှိ တန်လောက်သူတို့နှင့် အသေအချာ၊ စုံစမ်းမေးမြန်းတော်မူပြီးမှ ဆင်ယင် ဝတ်စားခြင်းအမှုကို ပြုတော်မူကုန်ရာသည်။

ဒွတ္တဘောင်မင်း ပျက်စီးခြင်း

         တရံရောအခါ၊ ထိုနံ့သာနှင့် ထုံသော မျက်သုတ်တော် ပုဝါကို ဆက်လေလျှင် မင်းကြီးသည် သဘောအားဖြင့် မြတ်နိုးရိုသေသည် အမှတ်နှင့် မျက်နှာတော်သုတ်မိ၏။

         ယင်းသို့ သုတ်မိလေလျှင်- မျက်လုံးတော် နှစ်ဖက်ကြားတွင် ရှိသော မှည့်ရှင်တော်သည် ပျောက်ကွယ်ခဲ့လေ၏။

ပန်ထွာမိဖုရား၏ ပရိယာယ်

         ယင်းသို့သော နိမိတ်၊ ဗျာဒိတ်တော်အရ၊ ဆင်းရူပနှင့်၊ မုဒု-စရဏ လက္ခဏာ၊ ပြည့်စုံပါသော၊ ပန်ထွာမင်းသမီးသည်၊ မင်းကြီးဒွတ္တဘောင်၊ ရွှေနန်းကြီး သုံးဆောင်နှင့်၊ ထုံးနှောင် မေတ္တာ၊ ချစ်င်ပါသော်လည်း၊အတီတာ ဘဝ၊ လွန်ခဲ့သော ကာလက၊ ဒေါသမုန်းစိတ်
သည်၊ ခဲ အန်ကြိတ် ရင်မှာ တည်၍၊ မကြည်နိုင် မပြေနိုင်၊ အူလှိုင် ပြင်းပြ၊ လတ်တလော ထင်သော်ကြောင့်၊တိုင်းပြည်က ပါသော မှူးမတ်တို့နှင့် တိုင်ပင်ရာ..

ပွေးဖို-ပွေးမ

          လွန်လေပြီးသော ဘဝ၊ အတိတ်သော ကာလ၌၊ ထို မင်းမိဖုရားတို့သည်၊ ပွေးဖို ပွေးမ ဖြစ်ကြသောအခါ ပွေးဖိုသည်၊ အလိုရှိရာ ပွေးမနှင့်သာ ပျော်ပါး၍၊ အစားအသောက်၊ သစ်ခေါက် သစ်ဥ၊ နုနုထွားထွား၊ ရပါငြားလည်း၊သနား ကရုဏာ၊ ရှင်းရှင်းကွာလျက်၊ မေတ္တာကြီးမားသော ပွေးမကိုသာ၊ ဝေစားသောက်ခြင်း။ တစ်ခုသော
အကြောင်းနှင့် မရှောင်သာ မလွှဲသာ တွေ့ ကြိမ်သောအခါလည်း၊ မညှာ မတွယ်၊ သင်းမျှနှယ်ဟု၊ တွင်းငယ် ကယ်ပေါက်က၊ တလျှောက်တည်း ထွက်ပြေး၍၊ သေဘေးရောက်လူ၊ ဤသို့သော အမှုသည် ယခုဘဝ၊ ပစ္စက္ခမှ၊ဒေါသမုန်းပွဲ၊ ရန်စခဲလျှင်၊ အထဲမကြေ၊ သို့ဖြစ်လေသောကြောင့်၊ သေသည်၏ ဘဝ၊ နောက်ကာလတွင်၊ ရှည်သမျှ
ကမ္ဘာ၊ ဖြစ်လေရာ၌၊ အကြင်နာ နည်းပါး၊ ခိုက်ပျိုးရန်လို၊ဤပွေးဖိုနှင့်၊ ရှေးကုသိုလ်ကံ၊ မဆက်ဆံရအောင်၊ အကြံကြီးမား ရှိစဉ်ခိုက်။

ပန်ထွာမင်းသမီးအား-မိဖုရားမြောက်ခြင်း

        ဤသို့လျှင် ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာမင်းသမီးနှင့်တကွသော မှူးမတ် ပြည်သူတို့ကို သိမ်းယူခေါ်သွား၍ သရေခေတ္တရာပြည်သို့ရောက်လျှင် အပြင်အလျာလက္ခဏာကောင်းမြတ်သူ ဖြစ်သည်နှင့် မိဖုရားအရာ မြောက်လေသည်။

           မင်းသမီးနှင့် အတူပါသော မှူးမတ်တို့ကိုလည်း သက်သာရာ အခွင့်ပေး၍ စာကျေးမြို့ရွာ၊ ပညာ သတ္တိ၊ ရှိသည်အလျောက် ချီးမြောက် သူကောင်းပြုတော်မူသည်။

           ပန်ထွာမင်းသမီးသည် မိဖုရားအရာ၊ ပါသည့် မှူးမတ်တို့နှင့်တကွ၊ သူကောင်းပြုခံရသော်လည်း၊ ဒွတ္တဘောင်မင်းကြီးအား နှစ်မြို့ ချစ်ခင်ခြင်းသည် မရှိ။ မည်သို့သော အကြောင်းဖြင့် နှစ်မြို့ ချစ်ခင်ခြင်း မရှိလေသနည်း...

ပန်ထွာပြည်၏ ဝိသေသ အထူး

          ပန်ထွာပြည်၏ ဝိသေသ အထူးသော်ကား- အချင်းတာ ၁၀၀၀ ခန့် ကျယ်ဝန်းသော မြို့၏ အတွင်း အင်ကြင်းပင် မရှိဘဲလျက် အင်ကြင်း အသီးအပွင့်တို့ကို ဗိဿနိုးမြို့အတွင်း ယခုတိုင်တွေ့ရှိရကြသည်။ ထိုအကြောင်းမှာ-အင်ကြင်းဥယျာဉ်၌နေသော ဗိဿနိုးနတ်မင်းသည် ဤသို့လျှင် အဓိဋ္ဌာန်ပြုဘူးသတည်း။

             “ငါ၏နေရာဖြစ်သော အင်ကြင်း ဥယျာဉ်တောမှ အင်ကြင်း အသီးအပွင့်တို့သည် လူမကြည်း မဆောင်ဘဲ ဗိဿနိုးမြို့တွင်း မင်းသမီးရှိရာ ရောက်စေသတည်း”

           ဟု ပြုဘူးသော အဓိဋ္ဌာန်ကို၊ မလွန်ဆန် မူ၍၊ ယခုတိုင်
မပျက် အင်ကြင်းခက် အင်ကြင်းသီးတို့သည် ပန်ထွာမြို့တွင်း၌ တွေ့မြင်ကြရသည်။

ဤကား အထူးတည်း။

ပေတောငါးရွာ

           ဤကိုးပင်သော ပေပင်သာလျှင် မဟုတ်သေး၊ ရှေးရှေးသောဘဝ၊ ပထမက၊ ကဿပမြတ်စွာဘုရား သာသနာတွင်၊ လက်ျာရံအရှင်တစ်ဦးကို လှူဒါန်းဘူးသော ပေရွက်ယပ်ငယ်တစ်ခု၏အဘို့၊ လူတို့မစိုက်မပျိုး၊ တောစိုး သစ်ပင်များကဲ့သို့၊ အလိုအလျောက်၊ ငါးဌာနအရပ်တွင်၊ ပေပင်အများ ပေါက်ရောက်လေသည်။

        ငါးဌာနဟူသည်ကား...
၁- ဝက်ချင်းကန်၊
၂- စမုံ၊
၃- နာချောင်းရ၊
၎- သားတိုးတန်း၊
၅- အင်းရွာ၊

ဟူ၍ ယခုတိုင် ပေတော ၅-ရွာဟု၊ ထင်ရှားရှိလေသည်။ ယင်းသို့သော အကြောင်းကြောင့် ပိဋကတ်တော်ရေးရန် ပေရွက် အလိုရှိ၍ မြို့ရုံးက ဆင့်တောင်းလျှင် ခုတ်ယူ ပေးပို့ရကြောင်းနှင့် ၁၁၄၅-ခု၊ စစ်တမ်းတွင် ၎င်းငါးရွာ သူကြီးတို့ အသီးသီး အစစ်ခံ ထင်ရှားနှင့် ဖြစ်သည်။

ကိုးပင်

        ထိုမှတပါး စီ၍ပေါက်သော ပေကိုးပင်သည် ဒွတ္တပေါင်မင်း တပ်ချီမလာမီ၊ နရတိ ဖြစ်သော အနောက်တောင်အရပ်သို့ တပြိုင်နက်တည်း ကိုင်းသည်။ ထိုအကြောင်းကို ပေးကိုင်းရာ အရပ်က စစ်မက်ကြီးစွာရောက်လာတတ်သည်-ဟု ဆရာရသေ့ ဟောပြောဘူး
သည်၊ ၎င်းအရပ်ကို ကိုးပင်စည်-ဟု ခေါ်ဝေါ်သမုတ်သည်။

မအူအောင်း

        ထိုမင်းသမီး၏ အထိန်းတော် မိအူး ပုန်းအောင်း၍ နေသော အရပ်ကို မိအူးအောင်းဟု သမုတ်သည်၊ ယခုကာလရှည်လျား စကားရွေ့ လျာသဖြင့် မအူအောင်းဟု ခေါ်ဝေါ်သည်။

နားဍောင်းကျ

        ယင်းသို့လျှင်- တိုင်းပြည်ပျက်စီး၍ မင်းသမီးထွက် ပြေးသောကာလ၊ ပတ္တမြားနားဍောင်း၊ မြေသို့လျောင်းသော ၎င်းအရပ်ကို နားဍောင်းးကျ တွင်သည်။ ထိုကျသော နားဍောင်းကို ရှာကြ၍ တဖန်ရသောကြောင့် နားဍောင်းရ ဟူ၍လည်း ခေါ်ဝေါ်ရေးသားလေ့ ပြုကြသည်။

ပန်ထွာပြည်ကြီး ပျက်စီးခြင်း

           ထိုအခါ သိကြားပေးသော အတုလစည်တော်ကို တီးလျှင် လှိုင်း တံပိုး ထလျက် ရေအယာဉ် ပြင်းစွာလာသည်နှင့် မြို့ရင်းသို့ မချဉ်း မကပ်နိုင်၊ သစ် ဝါး ဖောင် အစရှိသည်တို့ဖြင့် ပြုလုပ်ကူးကြငြားသော်လည်း ရေစီးရေလာ ပြင်းပြလှသောကြောင့် အောက် ကြေသို့သာ မျှောသွား ပျက်စီးခြင်း ဖြစ်ကုန်ကြသည်။

            ထိုအကြောင်းကို မှူးမတ်ပညာရှိတို့နှင့် တိုင်ပင်ညီညွတ်
ကြပြီး ၀ဉ္စနခြောက်ပါးတွင် ပရိယာဝဉ္စန၌ လိမ္မာကြေပြွန်သော ယောက်ျားတစ်ယောက်ကို နနွင်းဆိုးသင်္ကန်းဝတ်စေလျက် ပန်ထွာပြည်တွင်းသို့ ဝင်ရောက် ဖျက်ဆီးစေ၏။