Pages

Subscribe:

Search This Blog

Wednesday, July 4, 2018

ဒွါရာဝတီရခိုင်မင်း

             ဒွါရာဝတီမင်းလည်း မှူးတော် မတ်တော်တို့ကို ထောက်လှမ်း ကြည့်ရှုစေရာ မင်းသားတို့၏ မူလဘူတမဇ္ဈိမဒေသ၊ သာကိရမင်းမျိုး၊ ဘုန်းတန်ခိုး ကြက်သရေ၊အခြေ အမြစ်၊ ရှိသည်၏အဖြစ်ကို၊ မှူးမတ်တို့ တင်လျှောက် ကြားသိ၊ နှစ်သက်ခြင်း ရှိတော်မူ၍၊ သမီးတော် နုမလ္လာကို ထိမ်းမြားတော်မူသည်။

            “ဒွါရာဝတီပြည် သင့်ရာရပ်ကွက်တွင်လည်း မြို့နန်းတည်ထောင် စံနေရမည်, ပြောဆိုရာ၊ တစ်တိုင်းတပြည်တည်းတွင် နှစ်ထီးနှစ်နန်း၊ မပြုမလုပ်လိုပါ။ အရှေ့တောင်ရိုး၊ အခြားတစ်ဘက်၊ သင့်ရာ ကွက်ရပ်၌၊ မြို့နန်း ပြုစုနေထိုင်ရလျှင် ဒွါရာဝတီပြည်ကို အခြားရန်သူများ ဝံ့တော်မည်မဟုတ်, ဖြစ်ပါ၍၊ ဖိုးခေါင်တောင်ရိုး အရှေ့ရောက်အောင် သွားလိုကြောင်းနှင့် ခွင့်တောင်း ပြောဆိုသော ကာလ ကိုးကွယ် ပူဇော်ရန် ဓာတ်တော်ဆူရေတစ်ရာ့နှစ်ဆယ် (၁၂၀) ကို ထပ်မံပေးအပ်တော်မူလိုက်သည်။



           မင်းသားတို့လည်း ဒွါရာဝတီမင်းအား များစွာသောလက်ဆောင်၊ လက်နက်တို့ကို ဆက်ပေးလျှင်- တိုင်းရေးပြည်မှု၊ ပြုစုတည်ထောင်ရန် များသေးသည် တမုံ့-ဟု မသိမ်းမယူဘဲ၊ ပညာရှိ အမတ်ကြီး ဝိဒူရကျော်ခေါင်နှင့် အမှုထမ်းလူနှစ်ထောင် (၂၀၀၀) ထပ်မံ ပေးအပ်တော် မူလိုက်သည်။

0 comments:

Post a Comment