ထိုအရပ်တွင် တောင် ကမ်း ကြီးမား၊ သစ် ဝါး ကြိမ် နွယ် ထူပေါသည်နှင့် ထောက်လှမ်းဆင်ခြင်တော်မူသည်မှာ -
ဤအရပ်မှ ရှေ့သို့ ချီတက်လျှင် ယခု ချရပ်သော နေရာထက် သာလွန်၍ တော တောင် ကမ်းပါး ပေါများ ကြီးမြင့်ရာသည်။ အမှုထမ်း ဆင်းရဲသားတို့သည်လည်း နာဖျားရောဂါ များစွာ ဖြစ်အံ့သည်။ အနောက်မြောက်သို့ တက်ချီရမှ သင့်လျော်မည်ဟု တိုင်ပင်ညီညွတ်ကြသည်နှင့် ဆုတ်ခွာတော်မူ၍ မြို့ရာ တည်ခင်းချဉ်းနင်းရန်သဘောမကျသည်နှင့်၊ ငါးရက် ဆိုင်းရပ်တော်မူသည်။
ထိုအရပ်ကို တပ်တော်ကြီးဟု သမုတ်သည်၊ ယခုစကား ရွေ့လျော၍ ထန်းတောကြီး ဟု တွင်သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment