Pages

Subscribe:

Search This Blog

Tuesday, July 3, 2018

ပန်ထွာမိဖုရား၏ ပရိယာယ်

         ယင်းသို့သော နိမိတ်၊ ဗျာဒိတ်တော်အရ၊ ဆင်းရူပနှင့်၊ မုဒု-စရဏ လက္ခဏာ၊ ပြည့်စုံပါသော၊ ပန်ထွာမင်းသမီးသည်၊ မင်းကြီးဒွတ္တဘောင်၊ ရွှေနန်းကြီး သုံးဆောင်နှင့်၊ ထုံးနှောင် မေတ္တာ၊ ချစ်င်ပါသော်လည်း၊အတီတာ ဘဝ၊ လွန်ခဲ့သော ကာလက၊ ဒေါသမုန်းစိတ်
သည်၊ ခဲ အန်ကြိတ် ရင်မှာ တည်၍၊ မကြည်နိုင် မပြေနိုင်၊ အူလှိုင် ပြင်းပြ၊ လတ်တလော ထင်သော်ကြောင့်၊တိုင်းပြည်က ပါသော မှူးမတ်တို့နှင့် တိုင်ပင်ရာ..



       မှူးမတ်တို့ လျှောက်သည်ကား...အရှင်မိဖုရား၊ ထိုသို့သော အရာ၌၊ ရွံရှာ စက်ဆုတ်ဖွယ် ရှိသော အဝတ်ကို ဒွတ္တဘောင်မင်းမြတ်အား ဆက်ကပ်၍ ပြုရလျှင်၊ နုလှသော မှည့်ရှင်တော်သည်၊ မပေါ် ကွယ်ခြင်းသို့ ဖြစ်ပါသည်။ မှည့်ရှင်ကွယ်က ဘုန်းတန်းကျ၍၊ ခေတ္တရာ ရွှေပြည်။ ပျက်အံ့သည် အကြောင်း။...

       ၎င်းမှူးမတ်တို့ တင်ချက်ကို၊ မပျက်စေရ၊ သုသာန်-ဝက၊ တစ ပုဆိုး၊ စက်ဆုတ်ဖွယ် အမျိုးမျိုးကို၊ ထိုက်တန်အောင်၊ ဝါဖန် ဝါကြိတ် ပြုသကဲ့သို့၊ နုလှစွာ ညက်စေပြီးလျှင်၊ ပိတ်ဖြူ မျက်နှာသုတ်၊ ယက်လုပ်၍ ထားသတည်း။

         မိဖုရားသည်လည်း၊ မာယာ ကာယ၊ ၀ဉ္စနဉာဏ်၌၊ အလွန်လိမ္မာသော မင်းမိန်းမဖြစ်၍၊ သီလာ ဟူသောနံ့သာ၊ ဟေမမာလာ နံ့သာမှုံတို့ကို မင်းကြီးအား မပြတ်၊ဆက်ကပ်ခြင်းကို ပြုလေ့ရှိ၏။ သီလာ ဟူသော နံ့သာကား။ ပူတာ တံတင်းတို့ကို ဖွင့်လျှင် ပြည်သူတို့ နှာဝတွင် ထားဘိသကဲ့သို့ အလွန်မွှေးကြိုင်စွာ ရှိ၏။ ဒွတ္တဘောင်မင်းကြီးသည်လည်း ထိုနံ့သာတို့ကို လိမ်းစမှတ်ပြုဘိ၏။

0 comments:

Post a Comment