ယင်းသို့ ပူဇော်ကန်တော့ကြစဉ်-နေဝင် ဆည်းဈာ အချိန်ရောက်သည်နှင့် သင်္ကျစ်တော် ဓာတ်သည် ဥရုဝေဋ္ဌတော သရက်ဖြူပင်ရင်းတွင် ယမကပါဋိဟာရိယ ဗြာဒိတ်တော်ကို ရေမီး အစုံ အစုံ ပြဘိသကဲ့သို့ နီလ, ပီတ,လောဟိတ, ဩဒါတ, မဉ္ဇိဋ္ဌ ပဘဿရ, ဒိသာ ဖရဏ ရောင်ခြည်တော်တို့ဖြင့် တပြိုင်နက် တစ်ချက်တည်း
ပြွမ်းလျက်၊ တခဲနက် သက်တုံ- တက်တုံ၊ အံ့သြ၍ မကုန်အောင် ရှိတော်မူသည်။
မင်းနှစ်ပါးမှစ၍ မှူးမတ် ဗိုလ်ပါတို့သည် အဖန်တလဲလဲ မရောင့်ရဲနိုင်သော အထူးကို ဖူးမြင်ကြရပေသည်ဟု၊ ထိုနေ့ ထမင်း ညစာကိုမျှ မစားမသောက်နိုင်၊ တစ်ဦးထက်တစ်ဦး၊ အထူးအဆန်း၊ ပန်းနံ့သာဦးပေါင်းဦးရစ် အစရှိသည်တို့ဖြင့် ပူဇော်ကန်တော့ကြပြီးလျှင် မိမိတို့ နေရင်းဇာတိ၊ မဇ္ဈိမဒေသ မိဘရပ်ရွာကို အောက်မေ့ လွမ်းဆွတ်ကြကုန်လျက် သုပ္ပါဒကဇာတ်တွင် သင်္ဘော သားငါးရာ၊ ဗလဝါမုခ ဝဲသြဃတွင် ငိုကြွေးကြသော အသံ၊ သဏ္ဌာန်မခြား တပြိုင်နက် တစ်ချက်တည်း။ သည်းစွာသော အသံဖြင့် ငိုကြွေးကြ၏။
၁- ထိုနေ့ မိုးသောက်သောအခါ စေတီတော်မြတ်ကို မဏ္ဍပ်ကြီးကျယ်စွာ ပြုလုပ်ခြင်း။
၂- ပိတ်ဖြူစုလျား စသော မျက်နှာချက် ဗိတာန်တို့ဖြင့် မိုးကာခြင်း။
၃- ငှက်ပျောပင်စိုက်ခြင်း။
၎- ရာဇမှတ်၊ ရေပြည့်အိုး၊ သဲဖြူတို့ဖြင့် ခင်းခြင်း။
၅- ဆွမ်း၊ ရေချမ်း၊ ပန်း သစ်သီးတို့ဖြင့် ပူဇော်ကန်တော့ခြင်းကို ပြုလုပ်ကြကုန်၏။
ထိုအခါ တောင်တွင်းကြီးမြို့၌ ရာဇဂြိုဟ်ပြည်။ သာဝတ္ထိပြည်များတွင် ဘုရားသုံးလူ့ သဗ္ဗညု၊ သီတင်းသုံးတော်မူသော အခါကဲ့သို့၊ ပမာတမျှ၊ နှိုင်းဆစရာ အထူးဖြစ်ပေသတည်း။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment