Tuesday, July 17, 2018
ရွှေအင်းတောင်
တတိယအကြိမ် ပြင်ဆင်မွမ်းမံ တည်လုပ်ခြင်း
၎င်းက ရပ်နားနေထိုင်၍ မြေနေ ရေနေ အခြေအမြစ် ကောင်းသည်နှင့် ရတနာပြောင်မွန် ဆင်တော်ကို ရှေ့ညွှန်ထားလျက် မြို့ရွာ နှင်းချဉ်းစေရာ တာတစ်ရာ (၃၀၀) ကျော်ခန့်ရှိလျှင် ရတနာပြောင်မွန်ဆင်တော်သည်မသွားဘဲ အရှည်လေးမြတ် ဝပ်၍နေလျှင် ဆင်ကဲဆင်မှူးတို့သည် ဆင်တော် မောပန်း၊ စခန်းချရပ် ဝပ်၍ နေ
ကြောင်းနှင့် လျှောက်ထားသော ကာလ၊ ထိုအကြောင်းကို မေးတော်မူ၍ အမတ်ကြီး ပဏ္ဍိစ္စလျှောက်သည်ကား...
ဆင်တော်ဝပ်သောအကြောင်းမှာ-
ပန်းညောင်းကုန်ခန်း ညှိုးနွမ်း ပြင်းပျ၍၊ ဝပ်ရသည် အကြောင်းမဟုတ်ပါ။ဆင်ကဲပြုလုပ်သူတို့ မသိ၊ သတိချွတ်ယွင်း၍ လျှောက်ဆိုခြင်း
ဖြစ်ပါသည်။
အကြောင်းသော်တမူကား-
မဟာသုဒဿန စကြာမင်းသည် စကြာရတနာကို ရှေ့ညွန်ထားပြီးလျှင် ကောင်းကင်ခရီး၊ ဆင်ပျံစီးလျက်၊ လေးကျွန်းလုံးကို လှည့်လည်တော်မူသည် ကာလ၊ မြတ်စွာဘုရားတို့၏၊ မာရ်ငါးပါးကို အောင်မြင်ရာဖြစ်သော ဝဇိရာသန၊ အပ္ပရာဇိတ၊ မဟာဗောဓိမြေသို့ ရောက်လျှင်၊ စကြာမင်းစီးသောဆင်တော်သည် ဦးကင်းကွဲအံ့သော ဝရဇိန် ချွန်းသွားဖြင့် ပေါက်လင့်ကစား၊ မသွားမကျော်နိုင်ပါ။ ယခု ရတနာပြောင်မွန် ဆင်တော်သည်လည်း မကျော် မသွား၊
တန့်စား ဝပ်နေသော ဒေသ အရပ်သည်၊ မြတ်စွာဘုရားတို့၏ သရီရဓာတ် မွေတော်မြတ်ဖြင့် ကိန်းဝပ်တော်မူရာ၊ မဟာဘုမ္မိသီရိသေဋ္ဌ၊ ဘူမဂ္ဂအစစ် ဖြစ်တန်ရာ ပါသည်ဟု လျှောက်ထားလျှင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment