Pages

Subscribe:

Search This Blog

Wednesday, July 4, 2018

တတိယ-တောင်တွင်းကြီး

တောင်တွင်းကြီးသမိုင်း
တတိယပိုင်း

         မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသည်နောက် သုံးလမြောက်တွင် အဇာတသတ် မင်းနှင့် ကဿပရဟန္တာအရှင်မြတ်တို့ အဋ္ဌ် ဇယ အစ်၊ သက္ကရာဇ် ၁၄၈ ခုကို နှစ်ခု အကြွင်းထားလျက် ဖြိုတော်မူသည်။

         ယင်းသည့်နောက် နှစ်ပေါင်း ၆၂၂ ခုရှိသောအခါ သရေခေတ္တရာပြည်တွင် ငတပါးမင်း၏ အဆက်အနွယ်ဖြစ်သော သုမုန္ဒရီမင်းသည် အကြွင်းနှစ်ခုထား၍ ဒေါဒေါရဿကိန်းဖြင့် ဖြိုတော်မူသည်။


        ယင်းသည့်နောက် နှစ်ပေါင်း ၅၆ဝ ရှိသောအခါ ပုဂံပြည်ကို အစိုးရသော ပုပ္ပါး-စောရဟန်မင်း ခ-ဆ ပဉ္စကိန်းဖြင့် အကြွင်းနှစ်ခုထား၍ ဖြိုတော်မူသည်။

        ယင်းသည် သက္ကရာဇ် နှစ်ပေါင်း ၁၉၁ ခုတွင်မှ မင်းပြောင်၊ မင်းရောင်၊ မင်းနောင်၊ မင်းနဂါးညီနောင်လေးပါးတို့ ကလိင်္ကရဇ်ပြည်က လာ၍ တောင်တွင်းကြီးမြို့ကို ထပ်မံအသစ်တည်ထောင်သည်။

       ဤစကား၌ ...တောင်တွင်းကြီးသို့ ပထမတည်ရင်း သာဂရမင်းမှစ၍၊ ၉-ဆက်သော မင်းတို့ တည်ထောင်စံနေကြသည်။ နှစ်ပေါင်း လေးရာကျော်ရှိမှ ဗိဿနိုးမြို့ကို ပန်ထွာမိဖုရား တည်ထားစံနေသည်။ထိုဗိဿနိုးမြို့ ပျက်ပြားသည်နောက် နှစ်ပေါင်း ၁၂၇၁ နှစ်ရှိမှ၊ မင်းပြောင် လာရောက် တည်ထောင်သည်။

ဤသည်လျှင် သတိထား၍ မှတ်သားရန် စကားချပ်တည်း။

0 comments:

Post a Comment