Pages

Subscribe:

Search This Blog

Tuesday, July 17, 2018

စေတီဟောင်းငုတ္တို

            အမတ်ကြီး လျှောက်ချက်စကားကို အားရဝမ်းမြောက်တော်မူသည်ဖြစ်၍ တော မြက် ခြုံပိပ်ပေါင်းများကို ခုတ်ထွင်ကြည့်ရှုကြရာ တစ်ခုသော အင်း၏အလယ် တစ်ပယ်ခန့်ရှိသော တောင်ငယ်တစ်ခုတွင် ရတနာဆယ်ပါးတို့ဖြင့် ချယ်စီလျက် ဖောင်းရစ် အထက် သုံးတောင်ခန့်မျှ ပေါ်သော၊ စေတီတော်မြတ်ကို တွေ့ရှိသည်။

           ထိုမှတပါး အနီးအစပ်၊ အရပ်ဒေသများတွင် အိုးခြမ်းကွဲ၊ ဖွဲဟောင်း၊ မီးသွေး၊ အုဋ္ဌ်ဆွေး၊ ပြာဟောင်း နွားခေါင်း၊ နွားရိုးများစွာ တွေ့ရှိသည်။



             ယင်းသို့ တွေ့ရှိသောကြောင့်၊ ၎င်းဒေသအရပ်တွင် မည်သည့်မင်း၊ မည်သည့် ကာလ၊ မြို့ပြတည်ထောင် နေထိုင်ဘူးသည်။ မည်သူ တည်ထား ကိုးကွယ်သော စေတီတော် ဖြစ်မည်များကို အနီး အပါး ကျေးရွာရှိသက်ကြီး လူအိုတို့အား မေးစစ်ရာ-

            မည်သို့ မပြောတတ်ပါ။ တောအရပ်တွင် ယာ-ခုတ်လုပ်
သော ကာလ၊ စာ ကမ္ပည်းနှင့်၊ ကျောက်တိုင်တစ်ခု တွေ့မြင်ဖူး
ပါသည်ဟု လျှောက်ထားလျှင်

------------------------------

ပကတိပယ်, မင်းပယ် ဟူ၍ ၂-မျိုး ရှိသည်။
အလျား-၂၅ တာ xအနံ-၂၅ တာ = စတုရန်းတာ ၆၂၅ သည် ပကတိပယ် ဖြစ်သည်။
၎င်း ၂-ဆသည် မင်းပယ် ဖြစ်သည်။

0 comments:

Post a Comment