Pages

Subscribe:

Search This Blog

Tuesday, July 3, 2018

ကိုးပင်

        ထိုမှတပါး စီ၍ပေါက်သော ပေကိုးပင်သည် ဒွတ္တပေါင်မင်း တပ်ချီမလာမီ၊ နရတိ ဖြစ်သော အနောက်တောင်အရပ်သို့ တပြိုင်နက်တည်း ကိုင်းသည်။ ထိုအကြောင်းကို ပေးကိုင်းရာ အရပ်က စစ်မက်ကြီးစွာရောက်လာတတ်သည်-ဟု ဆရာရသေ့ ဟောပြောဘူး
သည်၊ ၎င်းအရပ်ကို ကိုးပင်စည်-ဟု ခေါ်ဝေါ်သမုတ်သည်။


            နောက် ရတနာပုရ၊ တတိယ နန်းတည်ဖြစ်သော ဆင်ဖြူရှင်ဘုရား သားတော် စဉ့်ကူးမင်းလက်ထက်၊ ၁၁၃၈-ခုနှစ်တွင်မှ၎င်းရွာသားတို့ လှေတော်အစုဖွဲ့၍ ထမ်းပြန်သည်နှင့် ၉ပင်-ရွှေလှေဟု တွင်သည်။

             ၎င်းရွှေလှေပင် မင်းတိုင်း ၁၂ မှုတွင် တစ်မှုပိုပွား၍ များပြား ရှုပ်ယှက်သည်-ဟု သတိရကြသဖြင့်၊ ရွှေလှေကို ရွာအနောက်တောင်တွင် တေဇောအဓိက၊ ထင်းပုံကြီး အနန္တတွင်၊ မီးချ၍ ကျွမ်းလောင်၊ တက်တက်ကုန်ပြောင်သောကြောင့် ရွှေလှေ အမည်ပျောက်၍ ကိုးပင် ဟု တွင်မြဲ တွင်သည်။

0 comments:

Post a Comment