၎င်းသူအိုတို့ လျှောက်ထားချက်အရ၊ ကြည့်ရှုလိုက် ရှာစေရာ မြေပေါ် တစ်တောင်ခန့်ရှိသော ကျောက်တိုင်ကို တွေ့၍ တူးဖော်သည် ကာလ၊ ၁၅င်္(တစ်ဆယ့်ငါးတောင်) ရှိမှ ကျောက်တိုင်အဆုံး ပေါ်သည်။
၎င်းကျောက်တိုင်တွင် စာအက္ခရာ သေချာအောင်မပါမရှိ။ ကျောက်တိုင်အောက်ခြေထိပ်မှာသာ -
က နှင့် ပ ဆင့်၍ တချက်၊
ဒ နှင့် ဆ ဆင့်၍ တချက်၊
သြ နှင့် ပ ဆင့်၍ တချက်
အက္ခရာခြောက်လုံး တွေ့ရှိသည်။
၎င်းအဆုံးတွင်လည်း ...
ဥဏှိဿ
ဟု ရေး၍ တွေ့သည်။ ၎င်းပြင် စာကမ္ပည်းမရှိ။ တွေ့ဟန်ကား
ကၸ ဒ ၦ ၾသံ ဥဏွိႆ
ဤသို့လျှင်တည်း။
ကဿပဘုရား ဥဏ္ဏလုံ မွေရှင်တော်
ထိုအကြောင်းကို မေးတော်မူရာ အမတ်ကြီး ပဏ္ဍိစ္စ
လျှောက်သည်ကား..
ဥဏှိဿ သဒ္ဒါ-သကျစ် ဟော ဖြစ်ပါသည်။
အက္ခရာခြောက်လုံးကို အဓိပ္ပါယတ္ထ ကောက်ယူရမည်မှာ-
က သည် ဌာန်ငါးပါးတွင် ကဏ္ဏဌာန်ကို အလိုရှိ၍ ရေး
ခြင်း ဖြစ်ပါသည်။ ထို က တွင် ပ အက္ခရာတွယ်၍ ရေးခြင်းကား က သည် ကဏ္ဏဌာန်ပင် ဖြစ်ငြားသော်လည်း ပဌမအက္ခရာ၏ အဖြစ်ကို သိစေခြင်းငှါ ပ ကို တွယ်လျက် ပြသည့်အရာ ဖြစ်သောကြောင့် ဤ
အက္ခရာနှစ်လုံးတွင် က အက္ခရာတစ်လုံးကိုသာ ယူရပါမည်။
ဒ သည် ဒန္တဌာန်ကို အလိုရှိ၍ ရေးခြင်း ဖြစ်ပါသည်။
ထို တွင် ဆ အက္ခရာတွယ်၍ ရေးခြင်းကား
ဒ သည် ဒန္တဌာန်ပင် ဖြစ်ငြားသော်လည်း ထိုဌာန် ၌ ဆဋ္ဌက္ခရာဖြစ်သော သ ကို သိစေခြင်းငှါ၊ ဒ တွင် ဆ တွယ်၍ ပြသည်အရာ ဖြစ်သော ကြောင့် ဤအက္ခရာနှစ်လုံးတွင် ဆဋ္ဌက္ခရာဖြစ်သော သ ကို ယူရပါမည်။
သြ သည် ဩဋ္ဌ ဌာန်ကို အလိုရှိ၍ ရေးခြင်းဖြစ်ပါသည်။ ထို သြ တွင် ပ တွယ်၍ ရေးခြင်းကား သြ သည် ဩဋ္ဌ ဌာန်ပင် ဖြစ်ငြားသော်လည်း ထိုဌာန်၌ ပထမက္ခရာဖြစ်သော ပ ကို သိစေခြင်းငှါ၊ ဩ တွင် ပ တွယ်လျက် ပြသည်အရာ ဖြစ်သောကြောင့် ဤအက္ခရာနှစ်လုံးတွင် ပဌမ အက္ခရာဖြစ်သော ပ တစ်လုံးကို ယူရပါသည်။ ယင်းသို့ ရွေးကောက်ရသော အက္ခရာသုံးလုံးကိုလျှင် -
ကသပ
ဟူသော အဓိပ္ပါယ်ပေါ်ခြင်းကြောင့် ထိုစေတီတော်သည် ဤဘဒ္ဒကမ္ဘာထက်၌ ပွင့်လေကုန်ပြီးသော ဘုရားလေးဆူတွင်
ကဿပမြတ်စွာဘုရား၏ သင်္ကျစ်တော်ဓာတ်ကို ရှေးဘေးလောင်းတော် ဘိုးလောင်းတော်ဖြစ်သော ပြည်တည်၊ မြို့တည် မင်းကောင်းမင်းမြတ်တို့ မပြတ်ကိုးကွယ်တည်ထားသော စေတီတော်မြတ်ဖြစ်ပါကြောင်းနှင့်လျှောက်ထားလျှင်
မင်းညီနောင်နှစ်ပါးတို့သည်၊ အလွန်ဝမ်းမြောက် ကြည်ညိုတော်မူသည် ဖြစ်၍၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့် ပူဇော်ကန်တော့ခြင်း။ ပါသော မှူးမတ်၊ တပ်တော် အမှုထမ်းတို့သည်လည်း ချသော မျက်လွှာ ဥက္ခောင်း ရှိလျက်၊ လက်ယှက်၍ ရှိခိုးကာ များစွာ ပြုကြကုန်သတည်း။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment